ကာဗွန်ထုတ်လွှတ်မှုကို မလျှော့ချပါက ရေနေသတ္တဝါများတွင် ဆိုးဝါးသည့် ပြောင်းလဲမှုများ ကြံုတွေ့နိုင်

ကာဗွန်ထုတ်လွှတ်မှုကို မလျှော့ချပါက ရေနေသတ္တဝါများတွင် ဆိုးဝါးသည့် ပြောင်းလဲမှုများ ကြံုတွေ့နိုင်

ကာဗွန်ထုတ်လွှတ်မှုကို မလျှော့ချပါက ရေနေသတ္တဝါမျိုးစိတ်များတွင် ဆိုးဝါးသည့် ပြောင်းလဲမှုများ ကြုံတွေ့လာမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးသည်။

သမုဒ္ဒရာများ အပူချိန်မြင့်တက်နေလျက်ရှိပြီး အောက်ဆီဂျင်ဆုံးရှုံးမှုများဖြစ်ပေါ်လာ၍ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ များပြားလာခြင်းကြောင့် အက်ဆစ်ပျော်ဝင်မှု မြင့်မားလာလျက်ရှိကြောင်း Science ဂျာနယ်တွင် ပညာရှင်များက ရေးသား သတိပေးထားခြင်းဖြစ်သည်။

ကမ္ဘာ့သမုဒ္ဒရာများ၏ အခြေအနေမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကြောင့် ပျက်စီးဘေးဖြစ်မှု မြင့်မားသည့် အနေအထား တွင် ရောက်ရှိနေကြောင်း ကမ္ဘာနိုင်ငံ ၂၂ နှစ်နိုင်ငံမှ ရေကြောင်းသိပ္ပံပညာရှင်များ ပူးပေါင်းသုတေသနပြုကာ ဂျာနယ် အထူးကဏ္ဍ တွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုအပေါ် ဖြေရှင်းနိုင်ရေး ကြိုးစားနေလျက်ရှိသည့် နိုင်ငံရေးသမားများအနေဖြင့် သမုဒ္ဒရာများ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအပေါ်တွင် အလေးထားမှု နည်းပါးလွန်းသည်ဟုလည်း ၎င်းတို့က ပြောဆိုသည်။

ဇီဝလောင်စာလောင်ကျွမ်းမှုမှ ထွက်ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် ပင်လယ်ပြင် ဓာတုဖြစ်စဉ်များ ပြောင်းလဲခဲ့ ရကြောင်းကို ယင်းအဖွဲ့က ပြောသည်။

၁၇၅၀ ခုနှစ်များမှ စခဲ့သည့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုများတွင် ၃၀ ရာခိုင်နှုန်းနီးပါးမှာ သမုဒ္ဒရာများတွင် ပျော် ဝင်ကြောင်း၊ ကာဗွန်ဓာတ်ငွေ့မှာ အပျော့စားအက်ဆစ်ဓာတ်ငွေ့တစ်မျိုးလည်းဖြစ်၍ ပင်လယ်ရေတွင် အက်ဆစ်ပျော်ဝင်မှု ပိုမိုများပြားလာစေကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly