ပရိသတ်ဆန္ဒပြမှုအဆိုးဆုံး အခြေအနေကို အာစင်ဝင်းဂါးမျှော်လင့်ထား

ပရိသတ်ဆန္ဒပြမှုအဆိုးဆုံး အခြေအနေကို အာစင်ဝင်းဂါးမျှော်လင့်ထား

မေ ၂၊ လန်ဒန် ။            ။ ဖလားလက်မဲ့နောက်တစ်ရာသီကြုံရပြီးနောက် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးသည် ပရိသတ်များထံမှဆန္ဒပြမှုအဆိုးဆုံးအခြေအနေကို မျှော်လင့်ထားပြီးဖြစ်သည်။

အာဆင်နယ်က နောရစ်ချ်ကို ၁-၀ ဖြင့်အနိုင်ရသည့်ပွဲတွင် ပရိသတ်များသည် ပြောင်းလဲချိန်တန်ပြီဆိုသည့်စာတမ်းများကိုကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်။

ဝဲလ်ဘတ်၏ဂိုးဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်အခြေအနေပိုကောင်းလာစေသည့်ယင်းပွဲတွင် အမ်းမရိတ်စ်ကွင်းအတွင်း ပါဝင်ဆန္ဒပြသည့်ပရိသတ် အရေတွက်မှာ ၂၀၀ ဦးသာရှိသည်ဟု သတင်းများကဖော်ပြခဲ့ကြသည်။

သို့သော် ၎င်းကိုနုတ်ထွက်ရန်တောင်းဆိုသည့် ဆိုင်းဘုတ်များမှာ ကွင်းလုံးပြည့်ဖြစ်လာနိုင်မည်ကို စိုးရွံ့ခြင်းနှင့်အတူ ပရိသတ်ဆန္ဒပြမှု အဆိုးဆုံးအခြေအနေဖြစ်လာမည်ကို အာစင်ဝင်းဂါးက မျှော်လင့်ထားသည်။

"အဆိုးဆုံးအခြေအနေကိုမျှော်လင့်ထားလားမေးရင်တော့ မျှော်လင့်ထားပါတယ်လို့ပဲ ဖြေရမှာပါပဲ။ အဖြူရောင်ဆိုင်းဘုတ်တွေကွင်းလုံးပြည့် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်"ဟု ဝင်းဂါးကပြောသည်။

၁၉၉၆ တွင်အာဆင်နယ်ကိုစတင်ကိုင်တွယ်ခဲ့သော အာစင်ဝင်းဂါးသည် အဓိကဆုဖလားကိုးလုံးရရှိထားသော်လည်း ပရီးမီးယားလိဂ်ဖလား ကိုမူ လွန်ခဲ့သည့် ၁၂ နှစ်က နောက်ဆုံးရထားသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly