တရုတ်က မမျှတသည့် ကုန်သွယ်မှုပေါလစီဖြင့် အမေရိကန်ကို အနိုင်ကျင့်နေကြောင်း ဒေါ်နယ်ထရန့် စွပ်စွဲ

တရုတ်က မမျှတသည့် ကုန်သွယ်မှုပေါလစီဖြင့် အမေရိကန်ကို အနိုင်ကျင့်နေကြောင်း ဒေါ်နယ်ထရန့် စွပ်စွဲ

နယူးယောက်၊ မေ ၂ ။          ။ ရီပတ်ဘရီကန်ပါတီ၏ ရှေ့ပြေးသမ္မတလောင်း ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပေါလစီကို ဝေဖန်ပြောဆိုရာတွင် တရုတ်က မမျှတသည့် ကုန်သွယ်မှုမူဝါဒဖြင့် အမေရိကန်ကို အနိုင်ကျင့်နေခြင်းဖြစ်ကြောင်း ပြစ်တင်ပြောဆိုသည်။

အင်ဒီယာနာပြည်နယ်တွင် လူစုလူဝေးအား ပြောဆိုရာ၌ တရုတ်နိုင်ငံသည် “ကမ္ဘာ့သမိုင်း၌ အကြီးမားဆုံးသူခိုးကြီး”ဖြစ်ကြောင်း ထရန့်က ပြောဆိုသည်။

တရုတ်နိုင်ငံသည် ၎င်း၏ ယွမ်ငွေကြေးကို ကစားခြင်းဖြင့် ကမ္ဘာ့ဈေးကွက်တွင် ၎င်းပို့ကုန်များ ပိုမိုယှဉ်ပြိုင်ထိုးဖောက်နိုင်အောင် လုပ်ဆောင်ကြောင်း ဘီလျှံနာစီးပွားရေးလုပ်ငန်းရှင်ကြီး ထရန့်က ရေရှည်စွပ်စွဲလာခဲ့ခြင်းဖြစ်သည်။

ယင်းက အမေရိကန်၏ စီးပွားရေးနှင့် အလုပ်သမားများကို ဆိုးဆိုးဝါးဝါးထိခိုက်ပျက်စီးစေကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့နိုင်ငံအပေါ် တရုတ်က မုဒိမ်းဆက်ကျင့်နေတာကို ခွင့်မပြုနိုင်ဘူး။ ဒါကို ပြောင်းလဲပစ်ရမယ်။ ကျွန်တော်တို့မှာ လုပ်နိုင်စွမ်းတွေရှိတယ်။ ဒါကို မမေ့ပါနဲ့။”ဟု ဒေါ်နယ်ထရန့်က ဖြည့်စွက်ပြောခဲ့သည်။

ဒေါ်နယ်ထရန့်က ၎င်း၏ ရွေးကောက်ပွဲမူဝါဒကြေညာစာတမ်းတွင် “အမေရိကန်၏ စီးပွားရေးနှင့် အလုပ်သမားယှဉ်ပြိုင်မှုကို အားဖြည့်ကူညီနိုင်ရန် တရုတ်နှင့် အပေးအယူတစ်ရပ်ရပ်ကို ဖြတ်တောက်လျှော့ချပစ်ရမည်ဟုလည်း ကတိပြုပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly