အိန္ဒိယတွင် တောမီးလောင်ကျွမ်းမှုကို ပြည်သူထောင်ပေါင်းများစွာ ရင်ဆိုင်ကြံုတွေ့

အိန္ဒိယတွင် တောမီးလောင်ကျွမ်းမှုကို ပြည်သူထောင်ပေါင်းများစွာ ရင်ဆိုင်ကြံုတွေ့

နယူးဒေလီ၊ မေ ၂ ။                ။ အိန္ဒိယနိုင်ငံ ဟိမဝန္တာနယ်မြေ ဥတာရက်ခဟန်ပြည်နယ်တွင် တောမီးအကြီးအကျယ်လောင်ကျွမ်းနေမှုကို ပြည်သူထောင်ပေါင်းများစွာ ရင်ဆိုင်နေရသည်။

တောမီးအတွင်း အနည်းဆုံး လူနှစ်ဦး သေဆုံးကာ တောမီးမှာ ဧက ၄၇၀၀ ကျော်ထက်မနည်း လောင်ကျွမ်းနေကြောင်း တာဝန်ရှိသူများက ပြောသည်။

လွန်ခဲ့သည့်တစ်လက တောမီးစလောင်ခြင်းဖြစ်သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှ မီးအား ပိုပြင်းထန်လာခဲ့ခြင်းဖြစ်သည်။ မီးလောင်ရာ နေရာများမှာ လက်ရှိတွင် ၁၂၀၀ ခန့်ရှိနေသည်။

“၂၀၁၂ ခုနှစ်က လောင်ကျွမ်းခဲ့တဲ့ အဆိုးဆုံး တောမီးနဲ့ နှိုင်းယှဉ်လို့ ရအောင် ဖြစ်နေပြီ။”ဟု သဘာပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ပရာကတ်ရှ်ဂျာဗာဒီကာက ပြောသည်။

နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာ လာရောက်ရာ ဟိမဝန္တာအရပ်ရှိ မြို့များသို့ တောမီးက ရောက်ရှိလာခြင်းတော့ မရှိသေးပေ။

မီးညွန့်ကျိုးအောင် အိန္ဒိယလေတပ်က ရဟတ်များကိုပါသုံးကာ မီးကို ငြှိမ်းသတ်နေသော်လည်း မီးခိုးများက အလုပ်မတွင်ဘဲရှိနေရကြောင်း ဌာနေသတင်းများက ဖော်ပြသည်။

အိန္ဒိယနိုင်ငံတွင် နှစ်များစွာအတွင်း အဆိုးဝါးဆုံး မိုးခေါင်မှုကြုံတွေ့စဉ် ယခုတောမီးလောင်ကျွမ်းခြင်းဖြစ်သည်။ မိုးခေါင်မှုကြောင့် ပြည်သူသန်း ၃၃၀ ကျော်ထက်မနည်း ရေရှားပါးမှု ပြဿနာကို ကြုံတွေ့နေရကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly