အက်​သလက်​တိုက်​စစ်​မှူး ဂရစ်​ဇ်​မန်​ကို မန်​ယူ ​ခေါ်ယူရန်​​စောင်​့ကြည်​့​နေ ​

အက်​သလက်​တိုက်​စစ်​မှူး ဂရစ်​ဇ်​မန်​ကို မန်​ယူ ​ခေါ်ယူရန်​​စောင်​့ကြည်​့​နေ ​

မေ ၁၊ မန်ချက်စတာ။            ။ မန်ယူအသင်းသည် အက်သလက်အသင်းအတွက် ခြေစွမ်းပြလျက်ရှိသည့် ပြင်သစ်တိုက်စစ်ကစားသမား ဂရစ်ဇ်မန်ကို ခေါ်ယူရန် စောင့်ကြည့်လျက်ရှိသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဂရစ်ဇ်မန်သည် ယခုရာသီတွင် အက်သလက်အသင်းအတွက် ၃၁ ဂိုးအထိ သွင်းယူထားသည့်အတွက် ဥရောပထိပ်သီးအသင်းကြီးများဖြစ်သော ပီအက်စ်ဂျီ၊ ချယ်လ်ဆီးနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း စိတ်ဝင်စားလျက်ရှိသည်။

မန်ယူအသင်းသည် ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်းနှင့်အတူ ဂရစ်ဇ်မန်အား ခေါ်ယူလိုနေခြင်းဖြစ်သည်။ မန်ယူအသင်းအနေဖြင့် ဂရစ်ဇ်မန်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းခန့် ပေးချေရမည် ဖြစ်သည်။ မန်ယူနည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေသည့် မော်ရင်ဟိုမှာလည်း ဂရစ်ဇ်မန်ကို နှစ်သက်သည့် ပရိသတ်တစ်ဦးဖြစ်သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly