နိုင်ငံတော် ဖွံ့ဖြိုးရေးတွင် လုံ့လစိုက်ထုတ်ကြိုးပမ်းကြရန် အလုပ်သမားများအား သမ္မတဦးထင်ကျော် တိုက်တွန်း

နိုင်ငံတော် ဖွံ့ဖြိုးရေးတွင် လုံ့လစိုက်ထုတ်ကြိုးပမ်းကြရန် အလုပ်သမားများအား သမ္မတဦးထင်ကျော် တိုက်တွန်း
ဓာတ်ပုံ-အီးပီအေ

လူမှုမျှတရေးကို အရင်းတည်ကာ အစိုးရ၊ အလုပ်သမားနှင့် အလုပ်ရှင်များကြား ပူးပေါင်းဆောင်ရွက်မှုများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရေး ကျိန်းသေရရှိရေးအတွက် လုံ့လစိုက်ထုတ်ကြိုးပမ်းကြရန် အလုပ်သမားများအား မြန်မာသမ္မတဦးထင်ကျော်က မေ ၁ ရက်တွင် တိုက်တွန်းပြောကြားသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အတွက် အမှာစကားပါးရာတွင် လူမှုကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် အလုပ်သမားများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး လုံခြုံရေးကို စွမ်းအားရှိသမျှ စိုက်ထုတ်လုပ်ဆောင်သွားမည်ဟု သမ္မတဦးထင်ကျော်က ကတိပြုပြောကြားသည်။

လက်ရှိအခြေအနေတွင် အလုပ်သမားများ၏ တရားရေးအခွင့်အရေးများ အာမခံချက်ရှိစေရေးအတွက် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများကြား သုံးဦးသုံးဖလှယ်   ကောင်းမွန်သည့် ဆက်ဆံရေးဖြင့် ငြိမ်းချမ်းသောလုပ်ငန်းခွင် ပတ်ဝန်းကျင်မျိုးဖန်တီးတည်ဆောက်နိုင်ရေး ဥပဒေများ ပြဌာန်းလျက်ရှိကြောင်း သမ္မတက ပြောသည်။

အတင်းအဓမ္မလုပ်အားခိုင်းစေမှုများ ရှင်းလင်းပပျောက်ရေးသည် အရေးကြီးပါကြောင်း သမ္မတဦးထင်ကျော်က အလေးအနက်ပြောသည်။ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာမြန်မာစီမံချက်ကိုလည်း ချမှတ်လုပ်ဆောင်လျက်ရှိသည်။

၂၀၁၅ ဒီဇင်ဘာ ၃၁ ရက် အာဆီယံအသိုက်အဝန်းတည်ထောင်ခြင်းနှင့်အတူ နိုင်ငံတစ်နိုင်ငံမှ အခြားတစ်နိုင်ငံသို့ ရွှေ့ပြောင်းအလုပ်အကိုင် ဝင်ရောက်လုပ်ကိုင်မှုများ အဆင်ပြေချောမွေ့စေလာခဲ့ပြီး   မြန်မာနိုင်ငံ၏ အမျိုးမျိုးသော လုပ်ငန်းနယ်ပယ်များတွင် ကျွမ်းကျင်လုပ်သားများ လိုအပ်မှုလည်း မြင့်တက်လာကြောင်း သမ္မတဦးထင်ကျော်က ပြောသည်။

ယခုအစိုးရအနေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာစေရေးတို့ကို ဦးတည်စေမည့် ဖွဲ့စည်းပုံသစ်   ပြဌာန်းနိုင်ရေးအတွက်   ရှေးရှုလုပ်ဆောင်သွားမည်လည်းဖြစ်သကဲ့သို့ ပြည်သူလူမှုဘဝများကိုလည်း မြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly