စပါးအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ပိုချက်တီနိုအစီအစဉ်ရှိ

စပါးအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ပိုချက်တီနိုအစီအစဉ်ရှိ

ဧပြီ ၃၀၊ လန်ဒန် ။            ။ စပါးအသင်းတွင် ၂၀၂၁ ထိဆက်ရှိစေမည့် စာချုပ်နှစ်နှစ်သက်တမ်းတိုးရန် အစီအစဉ်ရှိသည်ဟု နည်းပြပိုချက်တီနိုက ပြောသည်။ အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယာဒုတိယနေရာရောက်အောင်ပို့ဆောင်ပေးထားသည့် အာဂျင်တိုင်းလူမျိုးနည်းပြကို မန်ချက်စတာယူနိုက်တက် နှင့် ပဲရစ်စိန့်ဂျာမိန်းအသင်းတို့က စိတ်ဝင်စားနေသည်။

"ဒီကလူတွေကိုသဘောကျတယ်၊ အသင်းကလည်းသိပ်တိုးတက်လွန်းနေတဲ့အချိန်မှာ ဘာကြောင့်ပြောင်းလဲပစ်ချင်ရမှာလဲ။ ဆုံးဖြတ်ချက်ချဖို့ သိပ်လွယ်လွန်းခဲ့တယ်"ဟု ပိုချက်တီနိုက ပြောသည်။

အသက် ၄၄ နှစ်အရွယ် ပိုချက်တီနိုသည် ၂၀၁၄ မေ တွင် ဆောက်သမ်တန်မှ စပါးသို့ပြောင်းလာခဲ့သူဖြစ်သည်။

"လေ့ကျင့်ရေးကွင်းမှာ ပတ်ဝန်းကျင်ကောင်းကိုဖန်တီးထားနိုင်ပြီး အနာဂါတ်မှာလည်းအောင်မြင်မှုကြီးကြီးရနိုင်မယ်လို့ထင်တယ်။ ဒီစီမံကိန်းနဲ့ အသင်းကို ကျွန်တော်ယုံတယ်။ ဒီမှာပဲဆက်နေချင်တယ်"ဟု ပိုချက်တီနိုက ပြောသည်။

အသင်းအနေဖြင့် ကစားသမားကောင်းများကိုစုစည်းထားနိုင်ပြီး ပရိသတ်များ၏အားပေးမှုမှာလည်း မယုံနိုင်စရာပင်ဖြစ်ကြောင်း ပိုချက်တီနိုက ဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly