ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို အကြမ်းဖက် စစ်ကောင်စီက ရဟတ်ယာဉ်ပေါ်က ပစ်ခတ်ခဲ့တာကြောင့် ရှေးဟောင်း သမိုင်းဝင် စေတီ၊ ပုထိုး၊ ဘုရားတွေ ပျက်စီးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ဦးမြို့က စေတီ၊ ပုထိုးတွေဟာ ပုဂံဘုရားတွေထက် ပိုမိုရှေးကျပြီး တကယ်ကို အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် စေတီပုထိုးတွေ ဖြစ်ပါတယ်။