စစ်ကောင်စီတပ်သားတွေ စွန့်ခွာထွက်ပြေးသွားတဲ့ ကွန်ဖဲ့စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လွယ်ကူစွာသိမ်းပိုက်

By မောင်ခက်နွေ(မဇ္ဈိမ)
13 December 2023
စစ်ကောင်စီတပ်သားတွေ စွန့်ခွာထွက်ပြေးသွားတဲ့ ကွန်ဖဲ့စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လွယ်ကူစွာသိမ်းပိုက်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွန်ဖဲ့ရွာအနီးမှာရှိတဲ့ စစ်တပ်စခန်းတခုကို သွားရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိတော့ဘဲ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်( BPLA )တပ်ဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA )၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်( BPLA )နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီရဲ့ ကွန်ဖဲ့ အထိုင်စခန်းကို နယ်မြေရှင် လင်းရေး ပြုလုပ်ခဲ့တာဖြစ်တယ်လို့  ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)က ဆိုပါတယ်။

ဒီသတင်း အပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ ဝိုင်းတော်သား မောင်ခက်နွေက တင်ဆက်ပေးမှာပါ။

တင်ဆက်/တည်းဖြတ် - မောင်ခက်နွေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required