ကရင်နီပြည် မြို့တော် လွိုင်ကော်မြို့ရဲ့ သုံးပုံနှစ်ပုံလောက်ကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပြီး လက်ရှိ လွိုင်ကော်မှာ စစ်ကောင်စီတပ်သားတွေဟာ ခံစစ်အနေအထားပဲ ရှိတော့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
လက်ရှိ လွိုင်ကော်မြို့ထဲက မိုင်းလုံး၊ မြကလပ်တောင်၊ အကျဉ်းထောင်၊ လွိုင်ကော်ကက်သလစ်သာသနာကျောင်း၊ ဆေးရုံကြီး နဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လွိုင်ကော်(ဒကစ) စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်သားတွေဟာ ခံစစ်အနေအထားနဲ့ အသက်မသေဖို့ကိုသာ ဆက်တိုက်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေအနေနဲ့ စစ်အာဏာရှင်ကို အသက်ပေးကာကွယ်နေမယ့်အစား အချိန်မနှောင်းမှီ လက်နက်ချအလင်းဝင်ကြဖို့ စစ်ကောင်စီတပ်သားတွေကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကနေ “ဘက်ပြောင်းရေး အစီအမံ” နဲ့ ဖိတ်ခေါ်ထားပါတယ်။
ရုပ်သံတင်ဆက်/တည်းဖြတ်-ဂျူချန်း