NUG ကြားကာလတရားစီရင်ရေးတရားရုံး လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး ကလေးငယ် အပါအဝင် ၅ ဦးသေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
12 December 2023
NUG ကြားကာလတရားစီရင်ရေးတရားရုံး လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး ကလေးငယ် အပါအဝင် ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ မင်းတိုင်ပင် ကျေးရွာအနီးက NUGကြားကာလတရားစီရင်ရေး တရားရုံးကို ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းအချိန်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူတွေရှိတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတဦးကပြောပါတယ်။
စစ်ကောင်စီတပ်က အခုလို လေကြောင်းသုံး တိုက်ခိုက်တဲ့အတွက် ဒေသခံတွေဟာလည်း အရေးပေါ်စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

တင်ဆက်− လွှမ်းမိုး
ရုပ်သံတည်းဖြတ် −ရွှေနွယ်
 #Mizzima
#ကြားကာလ တရားစီရင်ရေး တရားရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly