ဆားလင်းကြီးမြို့နယ် ရဲစခန်းမှ ရဲတပ်သား လက်နက်အပြည့်အစုံဖြင့် CDM ဝင်

By လွှမ်းမိုး (မဇ္ဈိမ)
12 December 2023
ဆားလင်းကြီးမြို့နယ် ရဲစခန်းမှ ရဲတပ်သား လက်နက်အပြည့်အစုံဖြင့် CDM ဝင်

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့မ ရဲစခန်းတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ရင်း(၂၈) မှ ရဲတပ်သား ကိုဖြူဖွေးသည်  လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်လာသည်။

ဒီဇင်ဘာ ၇ ရက်နေ့ ညပိုင်းတွင် မုံရွာခရိုင်အမှတ်-၂၅ တပ်ရင်း ၊ တပ်ခွဲ-၅( မဟူရာPDF) ဖြင့် ချိတ်ဆက် ၍ CDM ပြုလုပ်ခဲ့ကြောင်း မဟူရာ တပ်ခွဲထံက သိရပါသည်။

“ နယ်ခံ ပြည်သူတစ်ဦးကို အကူအညီတောင်းပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ နဲ့ ချိတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။ ကာကွယ်ရေး ရဲဘော်တွေ လည်း နွေးနွေးထွေးထွေး ကြိုဆိုကြတာတွေ ရှိတော့ ဝမ်းမြောက်မိတယ်” ဟု CDM ရဲတပ်သားက ဆိုသည်။

အဆိုပါ ရဲတပ်သားသည် G3 သေနတ် တလက် ၊ ဗုံးသီး တလုံး ၊ ကျည်ဘောက် လေးခု နှင့် 7.62 ကျည် ၄၈ တောင့် တို့ဖြင့် မုံရွာခရိုင် အမှတ်-၂၅ တပ်ရင်းမှ တပ်ခွဲ- ၅ ထံ ချိတ်ဆက်၍ CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရဲတပ်သားကို မုံရွာခရိုင် အမှတ်-၂၅ တပ်ရင်းမှ ဆုကြေးချီးမြှင့်မည်ဖြစ်ပြီး ၊ လက်ရှိကာလတွင် တိုက်ပွဲများ ဆက်တိုက် ဖော်ဆောင် နေရသည့်အတွက် ငွေကြေးအခက်အခဲ ရှိနေကြောင်း မုံရွာခရိုင် အမှတ်-၂၅ တပ်ရင်း မှ တပ်ခွဲ - ၅ ထံက သိရပါသည်။

ယခင် ဒီဇင်ဘာ ၆ ရက်နေ့တွင်လည်း ဆားလင်းကြီးမြို့မှ ရဲစခန်းမှ ရဲတပ်သား တဦး သေနတ် နှစ်လက်ဖြင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ CDM ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

စာတည်း။   ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags