အကျဉ်းကျစဉ်က ရေးဖွဲ့တဲ့ “နိုင်ကျဉ်းမိခင်” သီချင်းကိုဖန်တီးသူ

By ဂန္ဒမာ(မဇ္ဈိမ)
10 December 2023
အကျဉ်းကျစဉ်က ရေးဖွဲ့တဲ့ “နိုင်ကျဉ်းမိခင်” သီချင်းကိုဖန်တီးသူ

တော်လှန်ရေးကာလအစ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးပြုလုပ်လို့ဖမ်းဆီးခံရပြီးအကျဉ်းချခံရသူတွေထဲမှာ ဇူးဇူးမေယွန်း တယောက်လဲပါပါတယ်။

သူ့ကို စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်တာပဲဖြစ်ပါတယ်။

ဒီလိုနဲ့ ဇူးဇူးမေယွန်း တယောက်အင်းစိန်ထောင်ထဲမှာအကျဉ်းချခံနေရချိန်မှာ သားငယ်တဦးနဲ့ လသားအရွယ်သမီးငယ်လေးကျန်ရစ်ခဲ့တဲ့အကြောင့် မိသားစုနဲ့ခွဲခွာရတဲ့ အကျဉ်းချခံ မိခင်တဦးခံစားချက်နဲ့ “နိုင်ကျဉ်းမိခင်” လို့ အမည်ရတဲ့ သီချင်းကိုရေးစပ်ခဲ့ပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက် (၇၅) နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးများနေ့မှာ ဒီသီချင်းကို ထုတ်ဝေလာပါတယ်။

သတင်း၊ ရိုက်ကူး၊တည်းဖြတ်- ဂန္ဒမာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly