လူ့အခွင့်အရေးနေ့အတွက် ပြည်ထောင်စုဝန်ကြီး၏ အမှတ်တရစကား

လူ့အခွင့်အရေးနေ့အတွက် ပြည်ထောင်စုဝန်ကြီး၏ အမှတ်တရစကား

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ကို ရောက်ရှိလာပြီဆိုရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လို့ အားလုံးပြန်ပြောင်းသတိရကြမှာပါ။ ဒီနေ့ကတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းကို ရေးဆွဲခဲ့တဲ့  (၇၅)နှစ်ပြည့်တဲ့ အထိမ်းအမှတ်လည်းဖြစ်ပါတယ်။ (၇၅)နှစ်ဆိုတဲ့ကာလက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပေါ်ပေါက်ခဲ့ယုံမကဘဲနဲ့ လူ့အခွင့်အရေး တိတိကျကျ ပြည့်ပြည့်ဝဝ အနှစ်သာရ ရှိရှိ ရရှိခံစားဖို့အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်းအဆက်ဆက်က ပြည်သူတွေရဲ့ တိုက်ပွဲတွေ၊ ပေးဆပ်မှုတွေ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် ယုံကြည်မှုတွေရဲ့ သက်သေ သာဓကလည်းဖြစ်ပါတယ်။ ဒီလို(၇၅)နှစ်ပြည်မြောက်တဲ့အချိန်မှာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ်(၃၀)ကို လူတိုင်းလူတိုင်း ပြည့်ပြည်ဝဝ ခံစားဖို့အတွက် ကြိုးစားဆောင်ရွက်တဲ့အနေနဲ့ တကမ္ဘာလုံးမှာ ဒီနေ့အခမ်းအနားကို ကမ္ဘာ့ကုလသမဂ္ဂကနေ ဦးဆောင်ပြီး ကျင်းပဖို့အတွက် ပြင်ဆင်နေခဲ့တာရှိပါတယ်။
ဒီအကြောင်းအရာတွေအပါအဝင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေတွေကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အောက်ပါဗီဒီယိုဖိုင်မှာ ရှင်းလင်းတင်ပြထားလို့ ကြည့်ရှုပေးဖို့ တိုက်တွန်းလိုက်ပါရစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required