(၇၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ပြည်သူ့အသံ

10 December 2023
(၇၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ပြည်သူ့အသံ

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့သည် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် (၇၅) နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။

ယနေ့ကျရောက်သည့် လူ့အခွင့်အရေးနေ့အား “လူ့ဂုဏ်သိက္ခာနှင့်အညီ လွတ်လပ်မျှတခြင်းဆီ လှိုင်းများ နှင့်အတူချီ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကမ္ဘာတဝှမ်းတွင် ကျင်းပဆင်နွှဲလျက်ရှိကြသည်။

အလားတူ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို အဖွဲ့အစည်းများ စုပေါင်း၍ ကျင်းပခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် New Myanmar Foundation မှ ဒေါက်တာစန်းအောင်က တက်ရောက် အဖွင့် အမှာစကားပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုး မင်း၊ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဦးတို့က အမှတ်တရစကားများ ပေးပို့ခဲ့ကြသည်။

ထို့နောက် ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူတဦး၊ ရှေ့ပြေးအသံ ဘုတ်အဖွဲ့ဥက္ကဌ ဒေါ်ခင်ဥမ္မာ၊ Burma Campaing-UK ၊ ALTSEAN-Burma တို့မှလည်း အမှတ်တရစကားနှင့် အတွေ့အကြုံ မျှဝေ ဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများအား မဇ္ဈိမမှ "လူ့အခွင့်အရေး"ဆိုသည့် စကားရပ်နှင့် ပတ်သက်၍ သိရှိခံယူမှု၊ မြန်မာနိုင်ငံနှင့် လူအခွင့်အရေး ယှဉ်တွဲရှုမြင်ပုံ၊ လူ့အခွင့်အရေးနေ့ အမှတ်တရ စကားတို့ကို တွေ့ဆုံမေးမြန်းထားသည်။

ရိုက်ကူး/မေးမြန်း −ရွှေနွယ်၊ ဂျူချန်း၊ ခက်နွေ

တည်းဖြတ် − ရွှေနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly