မြန်မာနိုင်ငံမှာ အခြေခံလူ့အခွင့်ရေးတွေအတွက် ပြည်သူတွေ အသက်ပေးကြိုးစားနေရတယ်

By မိုးသောက် (မဇ္ဈိမ)
10 December 2023
မြန်မာနိုင်ငံမှာ အခြေခံလူ့အခွင့်ရေးတွေအတွက် ပြည်သူတွေ အသက်ပေးကြိုးစားနေရတယ်

ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ (၇၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါ တယ်။

မြန်မာနိုင်ငံမှာတော့ အခြေခံလူ့အခွင့်ရေးတွေဖြစ်တဲ့ လွတ်လပ်စွာ အသက်ရှင်သန်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိဖို့အတွက် အသက်ပေးပြီးကြိုးစားနေကြရတဲ့အကြောင်း လူ့အခွင့်အရေး ရပိုင်ခွင့် အတွက် လှုပ်ရှားနေကြသူတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ဒီမိုကရေစီရေးလှုပ်ရှားသူ ၂၅,၀၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာလည်း လူ့အခွင့်ရေးချိုး ဖောက်မှုတွေရှိတယ်လို့ ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။

#၇၅နှစ်မြောက်လူ့အခွင့်အရေးနေ့

#ဒီမိုကရေစီရေးလှုပ်ရှားမှု

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly