ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ ၁ ဦးသေ ၂ ဦးဒဏ်ရာရ

By 008 (မဇ္ဈိမ)
10 December 2023
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ ၁ ဦးသေ ၂ ဦးဒဏ်ရာရ
ဓါတ်ပုံ-အမြန်လမ်းမီးသတ်တပ်ဖွဲ့

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဒီဇင်ဘာလ ၁၀ရက်နေ့ နံနက် ၂ နာရီ ၄၀ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မိုင်တိုင်အမှတ် (၉၇/၁-၂)ကြားတွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော Yutong အမျိုးစား(အနီရောင်)ခရီးသည်တင်ယာဉ်နှင့် Nissan Condor အမျိုးအစားကုန်တင်ယာဉ်တို့ တိုက်မိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“ခရီးသည်တင်ယာဉ်က ရှေ့ယာဘက်ဘီး ဒရမ်ပြတ်ပြီး လမ်ရဲ့ယာဘက်ယာဉ်ကြောပေါ်မှာရပ်ထားတုန်း နောက်ကမောင်းလာတဲ့ ခြောက်ဘီးယာဉ်က ဝင်တိုက်တာ။ Express ယာဉ်ပေါ်ပါ ကျားသုံးဦးအနက် တဦး ဒဏ်ရာရတယ်။ ခြောက်ဘီးကုန်ကားက ယာဉ်မောင်းအပါ ကျားနှစ်ဦးအနက် တဦးအခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ကျန်တဦးက ဒဏ်ရာရတယ်” ဟု မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူ နှစ်ဦးတို့ကို မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
#အမြန်လမ်း
#ယာဉ်တိုက်မှု

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly