ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
10 December 2023
ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ- ယာကြီးလမ်းဘေးရှိ ဘန့်ဘွေးရွာမတွင် တပ်စွဲနေ သည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒီဇင်ဘာလ ၈ ရက် ညနေ ၃ နာရီက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုတွင် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ၆၀ မမ လက်နက်ကြီး ခုနစ်ဆိုင်းဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိတ် မသိရှိရသေး ကြောင်း ဝင်္ကပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“စစ်ကောင်စီတပ်နဲ့ ပျူပူးပေါင်းအဖွဲ့ကို မီတာ ၄၀၀ ခန့်အကွာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ့စခန်းတွေကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်” ဟု ဝင်္ကပါ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဝင်္ကပါ PDF ၊ SBTF ၊ Fighter Brotherhood Guerrilla Army ၊ Eagle ၊ AK ပြောက်ကျားတပ်ဖွဲ့ ၊ PK PDF ၊ Black Vote Fighter ၊ နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊ IRF နှင့် Black Team တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့များက တပ်စွဲထား ခြင်းကြောင့် ဘန့်ဘွေးအုပ်စုရှိ အိမ်ထောင်စု ၁,၀၀၀ ကျော်မှ ဒေသခံ ၄,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly