နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၉ ဒီဇင်ဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၉ ဒီဇင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးအတွက် “အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွပါဝင်ပံ့ပိုးစို့" ခေါင်းစဥ်ဖြင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးတွဲကျင်းပခဲ့ကြသည်။ 

  • ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ တို့ (NUCC) တွေ့ဆုံဆွေးနွေးမှုကို ဒီဇင်ဘာ ၆ ရက်က ဗီဒီယိုကွန်းဖရင့် ကတဆင့် ပြုလုပ်ခဲ့ ကြသည်။ 

  • အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံက အိမ်ရှင်အဖြစ်ပြုလုပ်နေသည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏  (၂၈) ကြိမ်မြောက်ညီလာခံအတွင်း ကျင်းပသည့် ကမ္ဘာ့အဆင့်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို တိုင်းရင်းသားလူမျိုးပေါင်းစုံ စုဖွဲ့ထားသည့်  မြန်မာပြည်သူများကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပေးပို့လိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းမှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီမှာပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အကြမ်းဖက်စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသည့် ကျောက်မျက်လုပ်ငန်းရှင်များကို အမည် ပျက်လုပ်ငန်းရှင်စာရင်းသွင်းလိုက်ကြောင်း ဒီဇင်ဘာ ၈ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာ လိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းက (၇၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လူ့အခွင့်အရေးဆိုင်ရာရှေ့ဆက်လုပ်ဆောင်မည့်အကြောင်းအရာများကို ကတိပြုပြောကြားချက်များကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးသို့ ပေးပို့ကြောင်း ထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • တနင်္သာရီတိုင်း၊မြိတ်မြို့နယ်အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ အမှတ်(၉၁၈) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ တပ်ကြပ်ကြီး စာ ရေး ၁ ဦး တောင်ပိုင်းတိုင်းစစ်ဒေသ ပြည်သူ့ကာကွယ် ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်းထံသို့ အလင်းဝင်ရောက်လာကြောင်းကျား သစ်နက် စစ်ကြောင်းက  သတင်းထုတ် ပြန်ထားသည်။ 

  • ပဲခူးတိုင်း၊ မုန်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် တပ်မိသားစုဝင် အချို့သေဆုံးမှုရှိပြီး ယင်းထဲတွင် လသားကလေးငယ်ကို ရင်ဝယ်ပိုက်လျက် သေဆုံးနေသည့် မိခင်၏ ရုပ်အလောင်းနှင့် အတူ ငိုယိုနေသည့် ကလေးငယ်တဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း(တောင်ပိုင်းတိုင်း)က ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်း၌ ထုတ်ပြန်သည်။ 

  • ဒီဇင်ဘာ ၇ ရက် ညနေ၆နာရီခန့်က မလှိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသော ဌာနဆိုင်ရာရုံး လေးခုအား ပြည်သူ့ကာကွယ်ရေးတပ်များက တပြိုင်နက် တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက အသိပေးသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်တပ်အတွက် ရိက္ခာဝယ်ပြန်လာသော တပ်ကြပ်ကြီးဟောင်းတစ်ဦး ပစ်သတ်ခံရပြီး အတူပါ စစ်သမီးနှစ်ဦးအား ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ 

  • စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၉၈၉ ရက်မြောက်နေ့ အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦး လူတင်ယာဉ်တစ်စီးနှင့်အတူ ပြည်သူ့ ရင်ခွင်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း အာဏာရှင် တော်လှန် ရေးပြည်သူ့တပ်မတော် - ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

  • တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ ဖော့သုတ်ရာ အနီး တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • လောင်းလုံးမြို့ပေါ်ရှိ မြို့တော်ခန်းမနှင့် ဆေးရုံရှေ့တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီဝင်အချို့မှ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် အစောပိုင်း၌ "ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ" စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင် လေးပင်) ခရိုင်တွင် စ်စကောင်စီတပ်က ကျေးရွာများအား လက်နက်ကြီး ပစ်ခတ်၍ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှု ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ စစ်ကောင်စီ၏ ခိုမုန်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိ မှုတွင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီ  

  • နယ်ဆီ ဆိုင်များ အနေဖြင့် စစ်တပ်က သတ်မှတ်ထားသော စက်သုံးဆီစျေးအပြင် ဒေါ်လာ ပေါက်စျေး အပေါ် မူတည်၍ စက်သုံးဆီအတွက် ငွေထပ်ပေးရမည်ဟု ဆီတင်သွင်းသည့် ကုမ္ပဏီများက အသိပေးထားကြောင်း သိရှိရသည်။ 

  • ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီတွေမှာ သိုလှောင်ကန်ထဲ ရှိလျက်နှင့် ဆီ မဖြန့်ဖြူးရောင်းချ ပေးခြင်းမရှိတေသာ စက်သုံးဆီ အရောင်းဆိုင်များကို ဥပဒေအနှင့် အညီ အရေးယူမည်ဟု စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။ 

  • လာမည့် ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီးတော့ လိုင်စင်မရှိဘဲ ရေနံထွက်ပစ္စည်းများကို ဂါလံ (၅၀) ထက် သိုလှောင်ခြင်း၊ သယ်ယူခြင်း စစ်ဆေးတွေ့ရှိပါက ကျပ် သိန်း (၅၀) ထိ ငွေဒ ဏ် သို့မဟုတ် ထောင်ဒဏ် (၁)နှစ်ချမှတ်ခံရမည်ဖြစ်ကြောင်း ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

  • ပြည်တွင်းတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တရုတ်နိုင်ငံနှင့် ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ 

  • ခေါင်းဆာင်သည် အကျင့်စာရိတ္တကောင်းရမည်ဖြစ်ပြီး သမာသမတ်ရှိရမည်ဖြစ်ကာ ကျင့်စာရိတ္တ ကောင်းမွန်မှသာ လုပ်ဆောင်ပြုမူပြောဆိုချက်များ အောင်မြင်လာမည်ဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ 

ဒီဇင်ဘာ ၉ သုံးသပ်ချက် 

  • စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် နှုတ်မှ ထွက်သည့် စကားများသည် စာအုပ်ထဲ ကောင်းမွန်သည့်စကားများကို အလွတ်ကျက်ပြောဆိုနေသကဲ့သို့ရှိနေပြီး ၎င်းကိုယ်တိုင်ကမူ ယင်းစကားများဖြင့် ဆန့်ကျင်သည့် လုပ်ရပ်အကျင့်စရိုက်ရှိသူဖြစ်ကြောင်း လုပ်ရပ်များက သက်သေပြနေသည်။ 

  • တော်လှန်ရေးတပ်သားများ ဖမ်းမိထားသည့် စစ်သားများနှင့်မိသားစုများကိုပါ လေကြောင်းကဗုံး ကျဲသတ်ဖြတ်နေမှုကြောင့် စစ်သားမိသားစုဝင် လသားအရွယ်ကလေး၏ မိခင် အမျိုးသမီး သေဆုံးခဲ့သည်အထိ အောက်ခြေစစ်သားများမိသားစုဝင်များ ချနင်းကာ သတ်ဖြတ်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly