လက်နက်ချသူများနှင့် မိသားစုဝင်များကို စစ်ကောင်စီလေကြောင်းကတိုက်ခိုက်၊ လသားကလေးငယ်ကို ရင်ဝယ်ပိုက်လျက် တပ်မိသားစုဝင်မိခင်သေဆုံး

By ရွှေနွယ် (မဇ္ဈိမ)
09 December 2023
လက်နက်ချသူများနှင့် မိသားစုဝင်များကို စစ်ကောင်စီလေကြောင်းကတိုက်ခိုက်၊ လသားကလေးငယ်ကို ရင်ဝယ်ပိုက်လျက် တပ်မိသားစုဝင်မိခင်သေဆုံး

ပဲခူးတိုင်း၊ မုန်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုကြောင့် တပ်မိသားစုဝင်အချို့သေဆုံးမှုရှိပြီး ဒီထဲကမှ လသားကလေးငယ်ကို ရင်ဝယ်ပိုက်လျက် သေဆုံးနေတဲ့ မိခင်ရဲ့ရုပ်အလောင်းနဲ့အတူ ငိုယိုနေတဲ့ ကလေးငယ်တဦးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း(တောင်ပိုင်းတိုင်း)က ဒီကနေ့ ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒါဟာ မုန်းမြို့က စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း ခမရ (၅၉၀) ကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်တဲ့နေ့မှာ လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်မိသားစုတွေကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်စဉ် သေဆုံးရတာဖြစ်တယ်လို့ မြေပြင်တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

လက်ရှိမှာတော့ မိဘမဲ့သွားတဲ့ ဒီကလေးငယ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ခေါ်ယူစောင့်ရှောက်ထားကြတယ်လို့လည်း သိရပါတယ်။

တင်ဆက်/တည်းဖြတ် − ရွှေနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly