စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနစ်ကစပြီး စစ်ကောင်စီကျူးလွန်ထားတဲ့ အဓမ္မလုပ်အားခိုင်းစေမှု ၁၇၈ကြိမ်မှာ လူပေါင်း ၃,၀၀၀ကျော်ဟာ သားကောင်ဖြစ်နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ (NUG) လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဒါ့အပြင် စစ်ရေးရည်ရွယ်ချက်ကြောင့် လူပေါင်း ၁,၈၀၀ ကျော်ဟာ လူသားဒိုင်းအဖြစ်အသုံးပြုခံခဲ့ရတယ်လို့ NUG ကဆိုပါတယ်။
အပြည့်အစုံကိုတော့ မဇ္ဈိမဝိုင်းတော်သား မောင်ခက်နွေက ပေးပို့တင်ဆက်ထားပါတယ်။