ဆိတ်ဖြူမြို့နယ်က နယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်

By လွှမ်းမိုး(မဇ္ဈိမ)
08 December 2023
ဆိတ်ဖြူမြို့နယ်က နယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်

မကွေးတိုင်း ၊ ဆိတ်ဖြူမြို့နယ် ၊ ကဇွန်းမရွာ နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့‌ေတွက ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းအချိန်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ MDF Special Force တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တနာရီခန့် ကြာပြီးနောက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ အခြေအနေရှိပြီး တိုက်ခိုက်မှုအပြီးမှာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ MDF Special Force တပ်ဖွဲ့ တာဝန်ခံက  ပြောပါတယ်။

စစ်ဆင်ရေးကို အရှိန်မြှင့် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း  တပ်ရင်းတပ်ဖွဲ့‌တွေကို လိုအပ်တဲ့ ထောက်ပို့ပိုင်းတွေမှာ ပါဝင်အားဖြည့်ပေးဖို့ MDF Special Force တာဝန်ခံက တိုက်တွန်းထားပါတယ်။

သတင်း-လွှမ်းမိုး
ရုပ်သံတည်းဖြတ်- ရွှေနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly