မိသားစုစားဝတ်နေရေး ဦးဆောင်ဖြေရှင်းနေရတဲ့ စစ်‌ဘေးရှောင်အမျိုးသမီးများ

By လွှမ်းမိုး (မဇ္ဈိမ)
06 December 2023
မိသားစုစားဝတ်နေရေး ဦးဆောင်ဖြေရှင်းနေရတဲ့ စစ်‌ဘေးရှောင်အမျိုးသမီးများ

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမှာရှိတဲ့ အိမ်ထောင်စု ၁,၀၀၀ကျော်က ဒေသခံ ၄,၀၀၀ ခန့်ဟာ ဒေသတွင်း စစ်ရေးအခြေအနေကြောင့် နေရပ်စွန့်ခွာစစ်ရှောင်နေရတာ သုံးနှစ်နီးပါး ရှိနေပါပြီ။

ဘန်ဘွေးရွာဟာ ပျူရွာဆိုပြီး လူသိများနေတော့ အမျိုးသားတွေအနေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ စစ်ဆေးထိမ်းသိမ်းခံရတာတွေ ရှိနေသလို မြို့ပေါ်တက်ပြီး အလုပ်လုပ်ပြန်ရင်လည်း ပျူစောထီးနဲ့ စစ်ကောင်စီဂိတ်တွေမှာ ရိုက်နှက်ဖမ်းဆီးတာတွေကို ရင်ဆိုင်နေရပါတယ်။ဒါကြောင့် မိသားစုရဲ့ စားဝတ်နေရေးကို အမျိုးသမီးတွေကပဲ ဦးဆောင်ဖြေရှင်းနေရတဲ့အခြေအနေပါ။

#ယင်းမာပင်မြို့နယ်
#ဘန့်ဘွေးရွာ
#စစ်ရေးအခြေအနေ
#မလုံခြုံမှု

ရိုက်ကူး - လွှမ်းမိုး
တည်းဖြတ် - ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly