အမေရိကန်ရဲ့ယူကရိန်းအတွက် အသုံးစရိတ် အတည်မပြုနိုင်သေး | VOA On Mizzima 

By မဇ္ဈိမ 
06 December 2023
အမေရိကန်ရဲ့ယူကရိန်းအတွက် အသုံးစရိတ် အတည်မပြုနိုင်သေး | VOA On Mizzima 

ယူကရိန်းအတွက် ပေးနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီတွေ မကြာခင် ကုန်ဆုံးတော့မယ့် အနေအထားကို ရောက်နေပါတယ်။ အမေရိကန် လွှတ်တော်အတွင်းမှာ အစိုးရ အသုံးစရိတ်ကို အတည်မပြုနိုင်သေးဘဲ သဘောထားကွဲလွဲမှုတွေ ရှိနေတာကြောင့်  မဟာမိတ်တွေကို ထောက်ပံ့ဖို့ ကိစ္စ ရှေ့ဆက် မဆောင်ရွက်နိုင်တဲ့ အနေအထားကို ရောက်နေတာပါ။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကတော့ ရေတို အစိုးရအသုံးစရိကိုပဲ အတည်ပြုပြီး မဟာမိတ်တွေကို ထောက်ပံ့ဖို့ ပျက်ကွက်တာဟာ အမျိုးသားလုံခြုံရေးအတွက် မှားယွင်းတယ်ဆိုပြီး ထောက်ပြနေပါတယ်။ VOA သတင်းထောက် Arash Arabasadi သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ဆက်ထားပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly