စစ်ကောင်စီရန်ကြောင့် နေ့စဉ်လူမှုဘဝအခက်ကြုံနေတဲ့ ညောင်ပင်ကြီးရွာ  (ရုပ်/သံ)

By KMN (မဇ္ဈိမ)
05 December 2023
စစ်ကောင်စီရန်ကြောင့် နေ့စဉ်လူမှုဘဝအခက်ကြုံနေတဲ့ ညောင်ပင်ကြီးရွာ  (ရုပ်/သံ)

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာဒေသခံတွေဟာ စစ်ကောင်စီရန်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသလို စားဝတ်နေရေးအတွက် ရုန်းကန်‌နေရတဲ့ နေ့စဉ်လူမှုဘဝမှာလည်း လွန်ကဲတဲ့  ဖိအားပေးစစ်ဆေးမေးမြန်းတာတွေခံနေရတယ်လို့ သိရပါတယ်။

ညောင်ပင်ကြီးရွာရဲစခန်းကို ပြီးခဲ့တဲ့ ဇွန်လထဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ပြန်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အမျိုးသမီးနဲ့ကလေးငယ်တွေပါမချန် ဖိအားပေး‌စစ်ဆေးမေးမြန်းတာ‌တွေ လုပ်နေတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN 

#Mizzima
#ဆားလင်းကြီး
#ညောင်ပင်ကြီးရွာ
#စစ်ဘေးရှောင် 
#အမျိုးသမီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly