၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြော(ရုပ်/သံ)

By မိုးသောက် (မဇ္ဈိမ)
05 December 2023
၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြော(ရုပ်/သံ)

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စုကို ကာကွယ်သွားမယ်လို့ နေပြည်တော်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

 

တနိုင်လုံး အတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၁၉ မြို့နယ်ကို လက်လွှတ်ထားရပြီး တပ်စခန်း ၂၀၀ ကျော် သိမ်းဆည်းခံထားရကာ တပ်ဖွဲ့ဝင်အများအပြားလည်း လက်နက်ချနေချိန် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြည်ထောင်စုကို ကာကွယ်သွားမယ်လို့ စစ်ခေါင်းဆောင်က ကြုံးဝါးလိုက်တာ ဖြစ်ပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ ၂၀၀၈ကိုကာကွယ်နေသမျှ လူထုဆန္ဒနဲ့ဝေးကွားနေဦးမယ်လို့ ပြောပါတယ်။

 

တည်းဖြတ်/တင်ဆက် = မိုးသောက်

 

#စစ်ကောင်စီ

#အင်အား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly