ကျောက်ဆည်တွင် စစ်ဆေးရေးပြုလုပ်မည့် စစ်ကောင်စီတပ်ဖွဲ့ကို ဗုံးပစ်တိုက်ခိုက်

By 008 (မဇ္ဈိမ)
05 December 2023
ကျောက်ဆည်တွင် စစ်ဆေးရေးပြုလုပ်မည့် စစ်ကောင်စီတပ်ဖွဲ့ကို ဗုံးပစ်တိုက်ခိုက်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် စစ်ဆေးရေးပြုလုပ်ရန် ဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army( KRA )တာဝန်ရှိသူက ပြောသည်။

​ကျောက်ဆည်မြို့ အဓိကလမ်းမကြီးပေါ်တွင် စစ်ဆေးရေးဆောင်ရွက်ရန်အတွက် ရဲစုရပ်ကွက် အနောက်ဘက်အထွက် စိုက်ပျိုးရေးရုံး၌ ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာ ၄ရက်၊ နံနက် ၁၁ နာရီခန့်က အနီးကပ် ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KRA တာဝန်ရှိသူကဆိုသည်။

"စစ်ဆေးရေးလုပ်ဆောင်ဖို့အတွက် အစိုးရစိုက်ပျိူးရေးရုံးအတွင်း ရောက်နေတဲ့ စကစ တပ်ဖွဲ့ဝင် ရှစ်ယောက်အတွင်းကို အနီးကပ် ပစ်သွင်း တိုက်ခိုက်ခဲ့တယ်။ သူတို့ကြားထဲ ပေါက်ကွဲတာဆိုတော့ ထိခိုက်မှုတွေရှိနိုင်ပါတယ်။"ဟု KRA တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို KRAနှင့်KDDFတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ တိုက်ခိုက်မှုများလုပ်ဆောင်နိုင်ရန်အတွက် Union Brother( UB )က ထောက်ပံ့ခဲ့ကြောင်း သိရသည်။

KRAနှင့်ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၄ရက်နေ့ကလည်း ကျောက်ဆည်မြို့နယ်၊ ပြည်ခိုင်ဖြိုးရုံးအတွင်း စစ်ကောင်စီအဖွဲ့ အစည်းအဝေးပြုလုပ်နေစဥ် ဗုံးပစ်တိုက်ခိုက်ခံထားရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly