အမေရိကန်ပထမ နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးမည်ဟု ဒေါ်နယ်ထရန့်ပြော

အမေရိကန်ပထမ နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးမည်ဟု ဒေါ်နယ်ထရန့်ပြော

နယူးယောက်၊ ဧပြီ ၂၈ ။             ။ ပါတီသမ္မတလောင်းရွေးပွဲတွင် ပြည်နယ်ငါးခု၌ အနိုင်ရခဲ့ပြီး နောက်တစ်ရက်တွင် ဒေါ်နယ်ထရန့်က ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

၂၀၁၆ သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘရီကန်ပါတီသမ္မတလောင်းအဖြစ် ဦးဆောင်နေသည့် ထရန့်က အမေရိကန်ပထမမူဝါဒကို ကျင့်သုံးမည်ဖြစ်ကြောင်း ပြောသည်။

သမ္မတအိုဘားမားအစိုးရ၏ နိုင်ငံခြားရေးမူဝါဒက အလုံးစုံကပ်ဘေးတစ်ခုဖြစ်ကြောင်း ထရန့်က ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲများတွင် အနိုင်ရပြီးနောက် ဧပြီ ၂၆ ရက် ထရန့်က ရီပတ်ဘရီကန်၏ မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း ပြောဆိုသည်။

ဒေါ်နယ်ထရန့်သည် ကွန်နက်တီကက်၊ ဒဲလာဝဲလ်၊ ရော့အစ်စလန်၊ မာရီလန်းနှင့် ပင်ဆေးဗီးယားတို့တွင် အနိုင်ရရှိသွားခဲ့သည်။

ဒေါ်နယ်ထရန့်၏ မိန့်ခွန်းအများစုသည် အိုဘားမားအစိုးရ၏ အားပျော့မှု၊ မရေရာမှုနှင့် ဖရိုဖရဲဖြစ်မှုများအပေါ် ပစ်မှတ်ထားပြောဆိုမှုများဖြစ်ပြီး ၎င်းက ပြောင်းလဲပစ်မည်ဟု မျှော်လင့်ချက်ထားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly