၇ လကျော်ကြာ အလုပ်မရတော့မှ ငွေအလိမ်ခံရတာကိုသိရတဲ့ထိုင်းနိုင်ငံက မြန်မာရွေ့ပြောင်လုပ်သားများ((ရုပ်သံ))

By ကိုရွှေမြိတ် (မဇ္ဈိမ)
04 December 2023
၇ လကျော်ကြာ အလုပ်မရတော့မှ ငွေအလိမ်ခံရတာကိုသိရတဲ့ထိုင်းနိုင်ငံက မြန်မာရွေ့ပြောင်လုပ်သားများ((ရုပ်သံ))

ထိုင်းနိုင်ငံမှာ အလုပ်အတွက် စာရွက်စာတမ်း ပြုလုပ်ပေးမယ်ဆိုပြီး လုပ်သားတဦးကို ငွေကျပ် ၂၅  သိန်းကနေ ၃၅ သိန်းနှုန်း အထိပေးပြီး ခုနစ်လကျော် ရှစ်လကြာတဲ့ အထိ အလုပ်မရတော့မှ ငွေအလိမ်ခံလိုက်ရတဲ့ အကြောင်း သိရတယ်လို့ ငွေအလိမ်ခံလိုက်ရတဲ့ ရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မဲဆောက်မြို့က အမှတ် (၁) ချစ်ကြည်ရေးတံတား အနီးမှာရှိတဲ့ ထိုင်းနိုင်ငံသားပိုင် နေအိမ်တလုံးမှာ မြန်မာရွှေ့ပြောင်းလုပ်သား ဦးရေ ၈၀ကျော်ကို ထားရှိပြီး အချိန်ကြာတော့မှ ငွေလိမ်ခံလိုက်ရတာကို သိရတယ်လို့ ဆိုပါတယ်။

ဘန်ကောက်မြို့မှာ အလုပ်သွားရောက် လုပ်ကိုင်ဖို့ အတွက် အထောက်အထား စာရွက်စာတမ်း လုပ်ပေးမယ်ဆိုပြီး ငွေလိမ်လည်သွားတာ ဖြစ်တယ်လို့ ငွေကြေးလိမ်လည်ခံရသူ ရွှေ့ပြောင်းလုပ်သား ကိုဝေလင်းအောင်က မဇ္ဈိမကိုပြောပါတယ်။

သတင်း။ ရိုက်ကူး/တင်ဆက်/တည်းဖြတ် - ကိုရွှေမြိတ်
#ရွှေ့ပြောင်းလုပ်သား
#ထိုင်းနိုင်ငံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly