နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃ ဒီဇင်ဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃ ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ကို  ဒီဇင်ဘာလ (၃) ရက်နေ့မှာ စတင်ပြီး အကြမ်းဖက်စစ်အုပ်စု၏ စိုးမိုးထိန်းချုပ်မှု ကင်းစင်ကာ ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ က ကြေညာလိုက်သည်။

မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်တွင်လုပ်ကိုင်နေကြသော Non-CDM ဌာနဆိုင်ရာ ဝန်ထမ်း များအနေဖြင့် စာရွက်စာတမ်းများကို သက်ဆိုင်ရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံ အပ်နှံပြီး အလင်းဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင် သတိပေးထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)သည် အကြမ်းမဖက်အာဏာဖီဆန်ရေးလူထု လှုပ်ရှားမှု မူဝါဒကို ဒီဇင်ဘာ ၁ ရက်တွင် အတည်ပြုခဲ့ပြီး ယမန်နေ့(ဒီဇင်ဘာ ၂ ရက်)တွင် ထုတ်ပြန် ကြေညာသည်။

ယခုဆင်နွှဲနေသည့် တော်လှန်ရေးက မုချအောင်မည့် တော်လှန်ရေးဖြစ်ပြီး နိုင်ငံအသစ် ထူထောင်နိုင်မည့် တော်လှန်ရေးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်ထံကသိရသည်။

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာကို ဒီဇင်ဘာလ ၂ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့က ၀င်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၁၁ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများ နှင့် တော်လှန်ရေးအင်အားစုများထံက သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ၊ မြကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်း အချိန်က ဝင်ရောက်တပ်စွဲပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံက ပြောသည်။

စစ်ကိုင်းတိုင်း၊မုံရွာခရိုင် ဘုတလင်မြို့နယ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်း နေရာလေးနေရာကို ဒီဇင်ဘာလ ၁ ရက်နေ့က ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး ခဲ့ကြောင်း Chindwin Brothers ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၉၉)နှင့် မုန်းမြို့မရဲစခန်းအား တော်လှန်ရေးအင်အားစုများက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများထံက သိရသည်။

မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီ၏ အထိုင်ချတပ်စခန်းတစ်ခုနှင့် လက် နက်ခဲယမ်းများ သယ်ဆောင်လာသော ယာဥ်တန်းကို ပူးပေါင်းအဖွဲ့နှင့်အတူ ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ယမန်နေ့က စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံးပြီး အဘွားအိုတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ပြင်းအားမြင့်ဗုံးသီး အသုံးပြု၍ ဒရုန်းဖြင့်ချ တိုက်ခိုက်ခဲ့ကြောင်း PDF Khayan က အသိပေးထုတ်ပြန်သည်။

အီတလီနိုင်ငံ မီလန်မြို့တွင် "THE WAY” ( La Via) ဂီတရုပ်ရှင်ကို ပြသခဲ့ပြီး ရုပ်ရှင်ပြပွဲသို့ Alcide Cervi Institute ဥက္ကဌ၊ Parliamentary Association of Friends of Burma ဥက္ကဌဟောင်း Albertina Soliani. ၊ Amnesty International မှ မြန်မာ့ရေးရာတာဝန်ခံ Anna Violante တို့မှ တက်ရောက်စကားပြောခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ Kim Aris မှလည်း အမှတ်တရ စကားဗွီဒီယိုပေးပို့ခဲ့ကြောင်း သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

MNDAAက အပြီးသတ် သိမ်းပိုင်ထားပြီးဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်း၊ ကုန်းကြမ်းတပ်စခန်း ကနေ လက် နက်ချအညံ့မခံဘဲ ထွက်ပြေးသွားသည့် အကြမ်းဖက် စစ်အုပ်စု ၁၀၀ ကျော်ကို ပစ်သတ်ရှင်း လင်းနိုင်ခဲ့သလို ကျန်ရှိနေသော ၂၀၀ နီးပါးကိုလည်း လိုက်လံရှင်းလင်းနေကြောင်း The Kokang က ယမန်နေ့ ညပိုင်းက ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၌ စစ်ကောင်စီတပ်က အရပ်သားနေထိုင်ရာနေရာများကို လက်နက်ကြီး၊လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ခုနစ်ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီတပ်စခန်း နှစ်ခုကို KNU ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး မြို့တွင်း မြို့ပြင်ရှိ စစ်ကောင်စီတပ် အထိုင်ချ တပ်စခန်းနေရာများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း KNU နှင့် ဒေသခံများက ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သော လွိုင်ကော်မြို့အခြေစိုက် ​ခြေလျင်တပ်ရင်း(ခလရ ၅၄)တပ်အတွင်းရှိ လက်နက်တိုက်ပြာကျသွားကြောင်း လွိုင်​ကော် PDF ကထုတ်ပြန်သည်။

စစ်ကောင်စီ

တရုတ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ရေကြောင်းလုံခြုံရေးများ အောင်မြင်စွာ လုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီ ပြောရေးဆိုင်ခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လောက်ကိုင်တွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အသက် ၁၅ နှစ်နှင့် ၄၀ ကြားမှာရှိသည့် လူငယ်များ ကိုပြန်လွှတ်မပေးဘဲ MNDAA မှ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သားစုဆောင်းနေပြီး အဓိကအားဖြင့် ရှမ်းလူမျိုးနဲ့ တအာင်းတွေကို စုဆောင်းနေကြောင်း စစ်ကောင်စီဝါဒဖြန့်ချိရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်များ မရှုမလှရှုံးနိမ့်နေချိန် တိုင်းရင်းသားဒေသတွေမှာ ယခင်တုန်း ကလိုပဲ စစ်ဘုရင်ဝါဒ ထပ်မံကြီးစိုးလာဦးမည်ဖြစ်သလို လက်နက်အားကိုးပြီး လက်နက်နှင့် အနိုင် ကျင့်သည့် ကိစ္စများ ထပ်မံပေါ်ပေါက်လာဦးမည်ဟု MNDAA ကိုရည်ညွှန်၍ စစ်ကောင်စီ စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

ဒီဇင်ဘာ ၃ သုံးသပ်ချက်

စစ်ကောင်စီသည် စစ်ရေးတွင် မရှုမလှရှုံးနိမ့်လာသည့်အတွက် လူမျိုးရေးဝါဒမှိုင်းတိုက်ကာ ၎င်းတို့ ထိန်းချုပ်ထားသော နိုင်ငံပိုင်သတင်းစာတွင် မုန်းစကားများကို ပေါ်ပေါ်တင်တင် ပြောဆို လာသည်။ ယင်းအပြင် ၎င်းတို့ကိုယ်တိုင် နှစ်ပေါင်းများစွာ ပြည်သူအပေါ် လက်နက်ကိုင် အနိုင်ကျင့်ကာ စစ်အုပ်ချုပ် ရေးဖြင့် ဖိနှိပ်လာခဲ့သော်လည်း ယခု စစ်ရှုံးလာချိန်တွင် တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင် အနိုင်ကျင့်မှုများ ပေါ်လာနိုင်သည်ဟု MNDAA ကိုရည်ညွှန်းကာ ပြောဆိုနေခြင်းသည် အရှက်သိက္ခာမဲ့ သည့် ပြောဆိုမှုများပင်ဖြစ်သည်။

တော်လှန်ရေးအင်အားစုများသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် စစ်အာဏာရှင်ကို တွန်းလှန်လာရာ စစ်စခန်းပေါင်းများစွာ သိမ်းပိုက်လာနိုင်သလို မြို့များကိုလည်း တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်လာရာ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်လာသည့် မြို့ပေါင်း ၂၀ ကျော်ရှိလာပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required