CDMတွေအပေါ် လူ့အခွင့်ရေးချိုးဖောက်ခဲ့သူတွေကို အရေးယူနိုင်မယ့် CDMမူဝါဒကို NUCC ထုတ်ပြန်

By မိုးသောက်(မဇ္ဈိမ)
03 December 2023
CDMတွေအပေါ် လူ့အခွင့်ရေးချိုးဖောက်ခဲ့သူတွေကို အရေးယူနိုင်မယ့် CDMမူဝါဒကို NUCC ထုတ်ပြန်

CDMပြုလုပ်ထားသူတွေအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုကျူးလွန်ခဲ့ကြသူတွေကို တရားစွဲဆိုအရေးယူနိုင်ဖို့ မူဝါဒပါဝင်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု  မူဝါဒကို ဒီဇင်ဘာလ ၂ရက်နေ့ကထုတ်ပြန်ထားပါတယ်။

မူဝါဒမှာ အခန်း ငါးခန်းပါဝင်ပြီး JCC-CDMနဲ့ NUCCတို့က အစည်းအဝေးများပြုလုပ်ပြီး အတည်ပြုခဲ့ပြီးတော့ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဒီမူဝါဒထဲမှာ အကြမ်းမဖက်အာဏာဖီဆန်ရေးနဲ့ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊ အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုနဲ့ပတ်သက်တဲ့ အခြေခံမူတွေ မူဝါဒတွေ ပါဝင်လာတာကိုတွေ့ရပါတယ်။ဒီမူဝါဒကို အချိန်တစ်နှစ်ခွဲကျော်ကြာအချိန်ယူပြီးရေးဆွဲခဲ့တာလို့သိရပါတယ်။

စစ်အာဏာသိမ်ပြီးတဲ့နောက်မှာ CDMလှုပ်ရှားမှုကို နိုင်ငံ့ဝန်ထမ်းများအများဆုံးပါဝင်ခဲ့ပြီးတော့ ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းတွေအများဆုံးပါဝင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags