ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံများကြိုဆို(ရုပ်သံ)

By ကိုခင်မောင်(မဇ္ဈိမ)
03 December 2023
ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံများကြိုဆို(ရုပ်သံ)

ချင်းပြည်နယ် ၊ မတူပီမြို့နယ်၊ ရေဇွာမြို့စစ်တပ်စခန်းသိမ်းတိုက်ပွဲကို အောင်မြင်ခဲ့တဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက ပန်းကုံးတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ ဇိုတုန်ဖက်ဒရယ်ကောင်စီထံက သိရပါတယ်။

ရေဇွာမြို့က စစ်‌ေကာင်စီ တပ်စခန်းနဲ့ ရဲစခန်းတွေကို  “ZZLMSစစ်ဆင်ရေး” အဖွဲ့ဝင်တွေဖြစ်ကြတဲ့  CDF – Zotung ၊ CDF – Zophei ၊ CDF – Lautu ၊ CDF – Mara ၊ CDF – Senthang တပ်ဖွဲ့တွေနဲ့ အတူ ချင်းအမျိုးသားတပ်မတော်(CNA) ၊  CDF – Matu (တပ်ရင်း-၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၂၉ရက်နေ့မှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲကနေ ပြန်လာကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက နိုဝင်ဘာလ ၃၀ ရက်က  ကြိုဆိုကြတာဖြစ်ပါတယ်။

အောင်ပွဲရ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကို ကြိုဆိုပွဲမှာ အောင်ပွဲအတွက် ဘုရားကျေးဇူးတော်ချီးမွမ်းပြီး ရဲဘော်တွေကို ဒေသခံတွေက ပန်းကုံးစွပ်ပေးပါတယ်လို့ ဇိုတုန်ဖက်ဒရယ်ကောင်စီက ဆလိုင်းသောမာတ်က ပြောပါတယ်။

သတင်း- ကိုခင်မောင်
ရုပ်သံတည်းဖြတ်- ရွှေနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly