လူမှုရေးတည်ငြိမ်မှုအတွက် တစ်တော့ခ် အက်ပ် တားမြစ်ချက်ကို နီပေါဝန်ကြီးချုပ် အတည်ပြု

လူမှုရေးတည်ငြိမ်မှုအတွက် တစ်တော့ခ် အက်ပ် တားမြစ်ချက်ကို နီပေါဝန်ကြီးချုပ် အတည်ပြု

နီပေါ ဝန်ကြီးချုပ် ဒါဟေးလ် ပရာချန်ဒါ က တရုတ်အပလီကေးရှင်း တစ်တော့ခ် ကို ပိတ်ပင်ရန် အစိုးရ၏ မကြာသေးမီက ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း တရားရုံးချုပ်သို့ တုံ့ပြန်ခဲ့သည်။ ဝန်ကြီးချုပ် က နီပေါတွင် ဖြစ်ပေါ်လာနိုင်သည့် လူမှုရေးအကျပ်အတည်းကို ရှောင်ရှားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် တရားရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရပြီး တရားရုံးချုပ်တွင် စာချွန်တော် လျှောက်ထားမှု ၁၆ ကြိမ် ပြုလုပ်ခဲ့သည်။

တရားရုံး မှ ထွက်ပေါ်လာသည့် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရာတွင် ဝန်ကြီးချုပ် ဒါဟေးလ် က နီပေါလူ့အဖွဲ့အစည်းကို ထိခိုက်စေသည့် “နည်းပညာညစ်ညမ်းမှု” ကို တိုက်ဖျက်ရန် တင်းကြပ်သော ထိန်းချုပ်မှုအစီအမံများ အရေးပေါ်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ “တစ်တော့ခ် အက်ပ် ကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူမှုရေးအကျပ်အတည်းကို အမြန်ဆုံးတားဆီးရန် အရေးကြီးတယ်။ တစ်တော့ခ် အက်ပ် အသုံးပြုမှုကို တားမြစ်ရန် ဆုံးဖြတ်ချက်က လက်ငင်းနှင့် ရေရှည် အကျိုးသက်ရောက်မှုများကို စေ့စပ်သေချာစွာ ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံထားတယ်" ဟု ၎င်းက ဆိုသည်။

ဝန်ကြီးချုပ် ပရာချန်ဒရာ က တစ်တော့ခ် အက်ပ် ၏ အကျိုးသက်ရောက်မှုကို ဖော်ပြပြီး နည်းပညာဆိုင်ရာ ညစ်ညမ်းမှု ဖြစ်စေသော “လူမှုရေးဆိုင်ရာ ပြသနာနှင့် ကူးစက်ရောဂါ” အဖြစ် ဖော်ပြသည်။ “လူများစု၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် လူ့အဖွဲ့အစည်းနှင့် နိုင်ငံအတွက် ဆိုးကျိုးများမှ ကာကွယ်ရန်၊ တစ်တော့ခ် အသုံးပြုမှုကို တားမြစ်ရန် လိုအပ်တယ်။ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော်တို့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ ချမှတ်ခဲ့တာ ဖြစ်တယ်” ဟု ၎င်း က ဆိုသည်။
#Mizzima
#TikTok
#နီပေါနိုင်ငံ
#နိုင်ငံတကာ
#ဘာသာပြန်

TikTok Ban Crucial for Social Stability, Affirms PM Dahal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly