ဘုတလင်မြို့ စစ်ကောင်စီတပ်ဂိတ်များကို ဒရုန်းနှင့်တိုက်ခိုက်၊ တပ်သား ၂ ဦးသေဆုံး 

By KMN (မဇ္ဈိမ)
03 December 2023
ဘုတလင်မြို့ စစ်ကောင်စီတပ်ဂိတ်များကို ဒရုန်းနှင့်တိုက်ခိုက်၊ တပ်သား ၂ ဦးသေဆုံး 

စစ်ကိုင်းတိုင်း၊မုံရွာခရိုင် ဘုတလင်မြို့နယ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်း နေရာလေးနေရာကို ဒီဇင်ဘာလ ၁ ရက်နေ့က ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ  စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း Chindwin Brothers ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

"လေးနေရာကို လေးကြိမ်တိုက်ခိုက်ခဲ့တာပါ။ CB ဘဏ်ရှေ့က တပ်သားနှစ်ယောက်သေတယ်။  လေးယောက်ထိခိုက်ဒဏ်ရာရရှိတယ်သိရတယ်" ဟု Chindwin Brothers တပ်ဖွဲ့တာဝန်ရှိသူကမဇ္ဈိမကို ပြောသည်။

ကြောင်းပန်းလမ်းခွဲဂိတ်၊ ဗန္ဓုလကြေးရုပ်အနီးဂိတ် ၊CB ဘဏ်ရှေ့ ဂိတ်နှင့်  အထွေထွေအုပ်ချုပ်ရေးရုံးအတွင်းစစ်ကောင်စီတပ်အထိုင်စခန်းများကို ထိုနေ့ နေ့လယ် ၂ နာရီခွဲမှစတင်ကာ Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းChindwin Brothers တပ်ဖွဲ့ကဆိုသည်။ 

တိုက်ခိုက်မှုများအား Chindwin Brothers (DGF-တပ်ခွဲ) ၊ မြို့နယ်အုပ်ကြီးများ (ဘ.တ.လ)၊ B21(ကနီ)၊ကိုဘရာ(တစ်ကိုယ်တော်)၊တပင်ရွှေထီး၊နင်ဂျာတပ်ဖွဲ့၊
ဒေသရပ်ရွာကာကွယ်ရေးအဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်မှအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြန်မာသတင်း
#ဘုတလင်
#ဒရုန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly