နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂ ဒီဇင်ဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂ ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

ကရင်နီပြည်နယ် တိုက်ပွဲများအတွင်း ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၏ ဦးဆောင်မှုနှင့် အတူ ဝေဟင် ဒရုန်းစစ်ဆင်ရေးအဖြစ် စတင်တိုက်ပွဲဝင် နေပြီဖြစ် ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့မှ ဒီဇင်ဘာ ၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါ တယ်။

Non-CDM ဝန်ထမ်းများအလင်းဝင်ရောက်ကြရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်စွဲဖြင့် အမိန့်စာ ထုတ်ပြန် လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းမှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ ဖြူးမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၂) စစ်ဒေသခွဲ၏ သတင်းပြန်ကြား ရေးတာဝန်ရှိသူ စောဒိုရှင်းထံကသိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ပဲခူတိုင်း၊ တောင်ငူမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က Shar Htoo Waw နည်းပညာအသုံးပြု မောင်းသူမဲ့ လေယာဥ်ငယ်နှင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ကြောင်း ကျားသံလုံးစစ်ကြောင်းမှ သိရှိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် နှင့် မိတ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူ များ ပူးပေါင်းပါဝင်ခဲ့ပြီး “အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး’’ ကမ်ပိန်းခေါင်းစဥ်ဖြင့် ဓာတ်ပုံ လှုပ်ရှားမှုကို ဒီဇင်ဘာ ၁ ရက်မှာ ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့မရဲစခန်းက ဘန်ကာ၂ခုကို  ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင် ပကဖ နှင့် Yangon Army(YA)တို့ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာအကြမ်းဖက် ရဲ ၃ဦးခန့်သေပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်နေသည့်ကြားမှ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ခုံးကျော်တံတားတွင် ဒီဇင်ဘာ ၁ရက် ညပိုင်း၌ တော်လှန်လူငယ်များက စစ်အာ ဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်း တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်၊ သေဆုံးသူများ ရှိကြောင်း ပူးပေါင်းတပ်ဖွဲ့ ဝင်များထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲနှင့်ပျူစောထီးများ အလင်းဝင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၂ရက်နေ့တွင် နောက်ဆုံး သတိပေး နိုးဆော်ထား​သည်ဟု Khin U Specialforce Organization (KSO) တာဝန်ခံ ဗိုလ်လင်းရောင်က မဇ္ဈိမကိုပြောသည်
စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ အနောက် ဘက် ခြောက်မိုင်ခန့် အကွာရှိ မင်းတိုင်ပင် ကျေးရွာကို စစ်ကောင် စီတပ်က ယမန်နေ့ ဒီဇင်ဘာလ ၁ ရက် မွန်းတည့် အချိန်တွင် လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပလိုင်းကျေးရွာမှထွက်လာသော စစ်ကောင်စီတပ်အား ခြုံခိုတိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်းWar Lord Defense Force PDF အဖွဲ့က သတင်း ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ် မှုများကြောင့် အမျိုးသမီး ၄၀ နီးပါး သေဆုံးခဲ့ပြီး ၁၆ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်း သိမ်းခဲ့ ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း (၆) ၏ ဒရုန်း တပ်ဖွဲ့နှင့် အတူ ပြည်ပ ဒရုန်းပညာရှင်များ အကူအညီဖြင့် နည်းပညာမြှင့် လေယာဥ်ငယ်များနှင့် စတင်တိုက်ပွဲဝင်နေပြီ ဖြစ်ကြောင်း  Alpha Bats ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

မတူပီမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးသည် G3 သေနတ်တစ်လက်နှင့် ကျည်ဆန် ၁၀၀ကျော်ယူ ဆောင်ကာ မိသားစုအား ခေါ်ဆောင်လာပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF Matupi)ထံ အလင်းဝင်လာခဲ့သည်။

စစ်ကောင်စီတပ်သည် ရခိုင်ဒေသတွင်လေကြောင်း တိုက်ခိုက်မှု၊ ရေကြောင်းမှ စစ်ရေယာဉ် အသုံးပြုတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ရက္ခိုင့် တပ်တော်(AA) ပါဝင်သည့်ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်​ မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ နန်ကော်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ကိုးကန့် MNDAA ၏ သတင်းနှင့် ပြန်ကြားရေး The kokang က ထုတ်ပြန်ထားသည်။

ရခိုင်ပြည် ပေါက်တောမြို့မှာ အာဏာသိမ်းစစ်ကောင်စီက လူသားဒိုင်းကာနှင့် ဓားစာခံအဖြစ် ဖမ်းဆီးထားသည့် အရပ်သားပြည်သူများကို ရက္ခိုင့်တပ်တော် AA က ဆက်လက်ကယ်ထုတ်နေပြီး ယနေ့ ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် ၁၃ ဦးထက်နည်းကို ကယ်ထုတ်လာကြောင်း တွေ့ရသည်။

စစ်ကောင်စီ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် လီဆူပြည်သူ့စစ်အဖွဲ့ထဲဝင်ရန် စုဆောင်းရာတွင် ဘာသာရေး ဆရာများ စုဆောင်းခံရကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

ပြည်တွင်းသုံးစွဲရန် စက်သုံးဆီလိုအပ်ချက်အား ပြည်ပမှဝယ်ယူတင်သွင်းရာတွင် နိုင်ငံတော် အနေဖြင့် လိုအပ်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသဖြင့်လက်ရှိ ပြည်တွင်း စက်သုံးဆီရောင်းဈေးနှုန်း များသည် အာဆီယံဒေသတွင်းနိုင်ငံများထက်များစွာ လျော့နည်း သက်သာကြောင်း စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်သည်။

ရန်ကုန်ကိုရောက်နေသည့် တရုတ်စစ်သင်္ဘောများနှင့် ဝေဟင်၊ ရေပြင်၊ ရေအောက် ကာကွယ်ရေး များကို ပင်လယ်ပြင်မှာ ယနေ့ လေ့ကျင့်မည်ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ကရင်ပြည်နယ်တွင် ယမန်နေ့က ကရိတ်မြို့၏ နေရာ ရှစ်နေရာကို KNU ၊ PDF အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်နေကုန်နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် Aquarius နည်းပညာကုမ္ပဏီမှ မစ္စတာ ဗလာဒီမာ စတပ်ပါနော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ လက်ခံ တွေ့ဆုံကြောင်း သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၂ သုံးသပ်ချက်

စစ်ကောင်စီတပ်၏ လေတပ်များနှင့် ပြည်နယ်၊တိုင်းအဆင့် အစိုးရအဖွဲ့ရုံးများနှင့် တပ်ရင်းတပ်မများ အထိ ဒရုန်းဖြင့်တိုက်ခိုက်လာရာ ယခုတိုက်ခိုက်မှုများသည် အကဲစမ်းသည့်သဘောဖြင့် တိုက်ခိုက်မှု ဖြစ်နိုင်ပြီး မကြာမီယခုထက်ပိုသည့် အင်အားဖြင့် တိုက်ခိုက်လာနိုင်ဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required