TNLA နှင့် တပ်မတော် တိုက်ပွဲပြန်ဖြစ်

TNLA နှင့် တပ်မတော် တိုက်ပွဲပြန်ဖြစ်

ချင်းမိုင်၊ ဧပြီ ၂၉ ။               ။ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နှင့် မြန်မာ့တပ်မတော်တို့အကြား ဧပြီလ ၂၇ ရက်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသတွင် မြန်မာ့တပ်မတော်ဘက်မှ ထိုးစစ်ဆင်လာသဖြင့် နမ့်ဆန်မြို့နယ် မန်လုံးကျေးရွာနှင့် တာလက်ကျေးရွာကြားတွင် ဧပြီလ ၂၇ ရက်က နံနက် ၉ နာရီတွင် TNLA နှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ယခင်အစိုးရဟောင်းမှ ငြိမ်းချမ်းချမ်းရေးကိုယ်စားလှယ်များက အလွတ်သဘောတွေ့ဆုံ ဆွေးနွေးရန်ကမ်းလှမ်းချက်ကို ငြင်းပယ်ထားချိန်လည်းဖြစ်သည်။

“တပ်မ ၄ ခုဆုတ်တယ်ဆိုတာက အကုန်လုံး မဆုတ်ဘူးခင်ဗျာ။ တပ်မ ၇၇ နဲ့ ၉၉ က တစ်ချို့တစ်ဝက်ဘဲ။ တပ်မ ၃၃ က လုံးဝ မပြန်သေးဘူး။ မနေ့ကတော့ မန်တုံမြို့နယ်ထဲမှာဖြစ်တယ်။ ဒီနေ့က နမ့်တန်မြို့နယ်ထဲမှာ ထိုးစစ် ရင်ဆိုင်တိုက်ပွဲ ဖြစ်တယ်”ဟု မိုင်အိုက်ကျော်က မဇ္ဈိမကို ပြောသည်။

၂၀၁၃ ခုနှစ်မှစတင်ကာ PSLF/TNLA နယ်မြေအတွင်း လှုပ်ရှားနေသော မြန်မာ့တပ်မတော်၏ တပ်မ ၆၆၊ ၇၇၊ ၈၈၊ ၉၉ တပ်ဖွဲ့များ ပြီးခဲ့သည့် သြင်္ကန်ကာလအတွင်း နောက်တန်းသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်ဟု တစ်ချို့တစ်ဝက်သာ ပြန်သွား ခဲ့သဖြင့် လက်ရှိ တအာင်းဒေသအတွင်း မြန်မာ့တပ်မတော်၏ စစ်အင်အား ၃၀၀၀ ကျော်ရှိနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

ယခုရက်ပိုင်းအတွင်း TNLA တပ်များ အခြေချထားသော နေရာများသို့ မြန်မာ့တပ်မတော်ဘက်မှ လိုက်လံ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်ဟု TNLA မှ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ဧပြီလအတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဧပြီလ ၂၅ ရက်ကလည်း မန်တုံမြို့နယ် မော်လုံကျေးရွာနှင့် မော်နွဲ့ကျေးရွာ အကြားတွင် ဧပြီလ ၂၅ ရက်က မြန်မာ့တပ်မတော် တပ်မ ၃၃ တပ်ဖွဲ့နှင့် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLA ဘက်မှ မိမိကိုယ်ကို ခုခံကာကွယ်ခြင်း စစ်ပွဲမှ တိုက်ပွဲ ဖြစ်ပွားရန် ရှောင်ရှားခဲ့သော်လည်း မြန်မာ့တပ်မတော်ဘက်မှ လာရောက်တိုက်ခိုက်မှုကြောင်း ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ဧပြီလ ၂၆ ရက်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags