ဖြူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ပြင်းထန်တိုက်ပွဲဖြစ်ပွါး(ရုပ်သံ)

By ရွှေနွယ်(မဇ္ဈိမ)
02 December 2023
ဖြူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ပြင်းထန်တိုက်ပွဲဖြစ်ပွါး(ရုပ်သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ ဖြူးမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၂) စစ်ဒေသခွဲရဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူ စောဒိုရှင်းထံကသိရပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့ တနေကုန်နီးပါးဖြစ်ပွားခဲ့တဲ့ ဖြူးမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၁၇ ဦးသေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရနိုင်တယ်လို့လည်းဆိုပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မြို့တွေ ရွာတွေကို စိုးမိုးနိုင်ဖို့အတွက် ကြိုးပမ်းနေကြပြီး လက်ရှိမှာလည်း စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖော်ဆောင်နေကြတာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က စိုးမိုးနယ်မြေအချို့ရရှိထားတဲ့ ဖြူးမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြားမှာ ရင်ဆိုင်တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလျက်ရှိနေပါတယ်။

တင်ဆက်/တည်းဖြတ် − ရွှေနွယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly