စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ထံကနေ သိရပါတယ်။
ထီးချိုင့်မြို့မှာ နိုဝင်ဘာလ ၂၉ ရက်ကနေစတင်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။ မနေ့က နိုဝင်ဘာလ ၃၀ ရက် တရက်တည်းမှာပဲ စစ်ကောင်စီတပ်က လေကြောင်းကနေ လေးကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တင်ဆက်၊တည်းဖြတ် - MTO
#တိုက်ပွဲဖြစ်ပွား
#စစ်ကိုင်းတိုင်း