နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃၀ နိုဝင်ဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃၀ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် တားဆီး ပိတ်ပင် ရေး ဆိုင်ရာစာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးရေးအပါအဝင် အရပ်သား အစိုးရ၏ ဒီမိုကရေ စီ တိုးတက်ရေးလုပ်ငန်းစဉ်တွေအားလုံး ပျက်စီးခဲ့ရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောသည်။

မကွေးတိုင်း ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ် ကို ဖြတ်သန်းလာသည့် အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရန်သူတပ်သား ၈ ဦးသေဆုံးခဲ့ကြောင်း အမှတ်-၁ စစ်ဒေသ၊မ ကွေးတိုင်းကွပ်ကဲရေးက ထုတ်ပြန်သည်။

Federal Wings ဒရုန်း၏ သုသေသန နှင့် ဖွံဖြိုးရေးအတွက် ဒရုန်း ထုတ်လုပ်ရေးအဖွဲ့မှ စွမ်းဆောင် ရည်မြင့် ဒရုန်းအမျိုးအစား အသစ် တွေကို အခက်အခဲ အကျပ်အတည်းများစွာထဲကနေ ကြိုးစား ထုတ်လုပ်နေပြီး Federal Wings ၏တာဝေး ကင်းထောက် စစ်ဆင်‌ရေး ဒရုန်းများ စမ်းသပ်နေ သည့် ဗီဒီယိုဖိုင် တခုကို ထုတ်ပြန်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့မှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး ကို နိုဝင်ဘာ ၂၉ ရက်တွင် ပြုလုပ်ခဲ့ကြသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ညီနောင်မဟာမိတ်အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိုးစစ်ဆင်တာကို တရုတ် အစိုးရက အားပေးကြောင်း စစ်ကောင်စီကို ထောက်ခံသူများပြောဆိုချက်နှင့် တရုတ်နိုင်ငံက ခွင့်ပြုမှသာ တိုက်ပွဲတွေ ဖြစ်ပွားနိုင်မည်ဟု ကျွမ်းကျင်သူများ၏ သုံးသပ်ချက်များရှိသည့်အပေါ် သတင်း ထောက်များ၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝင်ဘင်းက ပယ်ချက်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် စိုင်နိုင်ကွေ့စစ်ကောင်စီတပ်စခန်းမှထွက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ရွေဘိုမြို့နယ် ရွာသစ်လမ်းထိပ်နှင့် ဇီးတောရွာအကြားတွင် မိုင်းဆွဲပြီး လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ရှစ်ဦးပြင်းထန် ဒဏ်ရာရရှိသွားကြောင်း သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီး ခံခဲ့ရသည့် လူငယ်ခြောက်ဦးကို၊ စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၈ ရက်နေ့တွင် သတ်ဖြတ်ပစ် လိုက်ကြောင်း ဒေသခံများထံက သိရသည်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဂျပန်လမ်းရှိ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကားဝန်းအား မြို့ပြအထူး စစ်ဆင်ရေးအဖြစ် ၄၀ မမဖြင့် ပစ်ခတ်ခဲ့ကြောင်း တိုက်ခိုက်မှုပြုလုပ်သည့် စစ်ဆင်‌ရေးတာဝန်ခံများ ထံမှသိရသည်။

ရန်ကုန်တိုင်း ခရမ်းနှင့်သုံးခွမြို့နယ်ရှိ စစ်ရေးပစ်မှတ် လေးနေရာကို ပြင်းအားမြင့်ဗုံးများ ၊ ၄၀ မမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ခရမ်း PDF ခေါင်းဆောင် ကိုမီးပွားက ပြောသည်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် နိုဝင်ဘာ ၂၉ ရက်နေ့ နေ့လယ်က ထားဝယ် ခရိုင် ဒီမိုကရေစီ‌အရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရ သည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ သာယာဝတီခရိုင်နှင့် ပြည်ခရိုင်အတွင်းရှိ ပဲခူးရိုးမပေါ်မှ အဆင်းလမ်း ပိုင်းများကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည့်အပြင် ကင်းပုန်းများအ များအပြားချထား ကြောင်း ဒေသအခြေစိုက် PDF တပ်ရင်းများထံမှ စုံစမ်းသိရသည်။

မကွေးတိုင်း၊ ချောက်မြို့ရှိ စစ်ကောင်စီခန့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်MNDAA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ရှိ ပန်ဆိုင်းမြို့တွင် အုပ်ချုပ်ရေး ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း MNDAA က တရားဝင် ကြေညာသည်။

စစ်တပ်က နှစ်ပေါင်း ၃၀ နီးပါး ထိန်းချုပ်ထားသည့် ကုန်းကြမ်းတပ်စခန်းကို အပြီးသတ် ချေမှုန်း နိုင်ခဲ့ သည့် အတွက် ကိုးကန့်ခရိုင် ရှမ်းဝမ်ဒေသတစ်ခုလုံးကို MNDAA က အပြီးသတ် ထိန်းချုပ် နိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ် ၊ မတူပီခရိုင် ၊ ရေဇွာမြို့စစ်တပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့က တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ကျော် ဖမ်းဆီးရမိပြီး လက်နက်အမြောက်အမြား သိမ်းဆည်း ရခဲ့ကြောင်း ZZLMS က နိုဝင်ဘာ ၃၀ရက် ယနေ့တွင်ထုတ်ပြန်သည်။

ချင်းပြည်နယ်ရှိ မြို့ ခုနစ်မြို့ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ် (CDF)များက သိမ်းပိုက်ထိန်းချုပ်ထားကြောင်း ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC)တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

ရှမ်းပြည်တပ်များဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား တရား ဝင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ နှစ်ဖက်တပ်ဖွဲ့များကြား အပစ်ခတ်ရပ်စဲရန် သဘောတူညီ လိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် PDF အမည်ခံပြီး ဖုန်းဆက်ငွေကြေးကောက်ခံနေသည့်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ရင်းနှင့် ပူးပေါင်း PDF အဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးနေ ကြောင်း KIAသတင်းရင်းမြစ်တွေက ဆိုသည်။

ကရင်နီပြည်နယ်တွင် လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းဖြစ်သည့် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ငါးဦးနှင့် သူတို့၏မိသားစုဝင်များအား ကရင်နီပြည်ရဲဌာနကို လွှဲပြောင်းလိုက်ကြောင်း IEC က ထုတ်ပြန်သည်။

စစ်ကောင်စီ

စစ်ကောင်စီလက်အောက်ခံ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စစ်သား များကို ဆိုင်ကယ်စီး၍ လုပ်ကြံသတ်ဖြတ်နိုင်သဖြင့် သတိပြုကြရန် ညွှန်ကြားချက် တစ်ရပ်ကို ပြည်ထဲရေး ဝန်ကြီးဌာန က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများတွင် ပြည်ပ ဒရုန်းပညာရှင် ၆၅၀၀ ခန့်၊ စစ်သုံးဒရုန်းဗုံး ၂၅၀၀၀ ကျော် အသုံးပြုပြီး သာလွန်အင်အားဖြင့် စစ်တပ်စခန်းများ တိုက်ခိုက်ခံနေရ၍ တပ်စခန်းများမှ စွန့်ခွာပေးနေရကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် စစ်ကောင်စီအစည်းအဝေးတွင် ပြောသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို စစ်ကောင်စီက လေကြောင်းမှ နေ့စဉ်တိုက်ခိုက်နေပြီး ယခုရက်ပိုင်းတိုက်ခိုက်ခံ ရမှုအတွင်း အရပ်သားနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် နယ်စပ်မြို့များ အသိမ်းခံရပြီးနောက် နိုဝင်ဘာလ ၂၉ရက်နေ့က နေပြည်တော်၌ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မစ္စတာ ဗီနေး ကူးမားကို နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခုအချိန်မှာ နေရာအနှံ့ တိုက်ပွဲများဖြစ်ပွားနေပြီး ကိုးကန့်ဒေသအပြင်ဘက်သို့ စစ်ဘေးရှောင်ရန် မစွန့်စားသင့်ကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ထုတ်ပြန်သည်။

လွိုင်ကော်တက္ကသိုလ်က ဆရာ/ဆရာမနှင့်ကျောင်းသူကျောင်းသား ၁၉၃ ဦးထပ်မံလွတ် မြောက် လာ ပြီး ကြားဝင်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များကို ကျေးဇူးတင် ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နိုင်ငံတွင် လုပ်ကိုင်နိုင်သည့် သံယံဇတနှင့် ရာသီဥတုရှိရှိနေသော်လည်း အလုပ်ကို ဖိဖိစီးစီး ဆောင်ရွက်မှု မရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှုများ အားနည်းနေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီအစည်းအဝေးတွင် ပြစ်တင်ပြောဆိုထားသည်။

နိုဝင်ဘာ ၃၀ သုံးသပ်ချက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လက်ရှိတိုက်ပွဲများရှုံးနိမ့်နေမှုနှင့် နိုင်ငံစီးပွား ရေးကျဆင်းမှုများအပေါ် စစ်ကောင်စီအစည်းအဝေးတွင် ပြောဆိုရာတွင် ၎င်း၏ ညံ့ဖျင်းမှု၊ အာဏာရူးသွပ်မှုများကို တခွန်းမှ ပြောဆိုသွားခြင်းမရှိဘဲ တဖက်သားကိုသာ ပြစ်တင်ပြောဆိုနေသည်ကို တွေ့ရသည်။

ကိုးကန့်ဒေသနှင့်ပတ်သက်၍ စစ်ကောင်စီဒေသ အုပ်ချုပ်မှူးဆိုသူ ပြောဆိုချက်များကို ကြည့်ခြင်း အားဖြင့် ပြည်သူများကို လူသားဒိုင်းလုပ်ဆောင်လိုသည် သဘောမျိုးကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required