ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၀,၀၀၀ ပြည့်မြောက် ဂိုးကို သွင်းယူတဲ့ ရာမို့စ်

By By PKThawn
30 November 2023
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၀,၀၀၀ ပြည့်မြောက် ဂိုးကို သွင်းယူတဲ့ ရာမို့စ်

ဆီဗီလာအသင်းက PSV ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ချန်ပီယံလိဂ်သမိုင်းတလျှောက် အသက်အကြီးဆုံး ကစားသမား ၁၁ ဦးစာရင်းအဖြစ် ပွဲထွက်ခဲ့သလို ဆာဂျီယို ရာမို့စ်ဟာ ပြိုင်ပွဲရဲ့ ၁၀,၀၀၀ ပြည့်မြောက် ဂိုးကိုလည်း သွင်းယူခဲ့ပါတယ်။

ပြိုင်ပွဲမှာ ၁၆ ဂိုးသွင်းယူထားတဲ့ ရာမို့စ်က အိမ်ကွင်းမှာ အိုင်ဗန် ရာကီတစ်ရဲ့ ဖြတ်တင်ပေးတာကို ခေါင်းတိုက် သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုး ၁၀,၀၀၀ ပြည့်မြောက်ဖြစ်လာပါတယ်။

အဲဗာတန်တိုက်စစ်မှူးဟောင်း ဒန်နီရယ် အာမိုကာချီဟာ ကလပ်ဘရုဂ်စ်နဲ့အတူ ၁၉၉၂ မှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံးဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ရာမို့စ်ရဲ့ ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုးဟာ ၂၀၀၅ ဒီဇင်ဘာလမှာ ရီးယဲလ်မက်ဒရစ်အတွက် သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီဂိုးဟာ ၆,၇၇၃ ရက်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ၎င်းဟာ ဒီပြိုင်ပွဲမှာ ကစားသမားတွေရဲ့ ပထမဆုံးသွင်းဂိုးနဲ့ နောက်ဆုံးသွင်းဂိုးကြား ကွာဟချက် အရှည်ကြာဆုံးဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်နောက်ခံလူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စတုတ္ထမြောက် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် အသက် ၄၀ နှစ်အရွယ် ရီးယဲလ်မက်ဒရစ် ဗဟိုနောက်ခံလူဟောင်း ပီပီနဲ့အတူ ထိပ်ဆုံးစာရင်းမှာ ရှိနေပါတယ်။

ဆီဗီလာနည်းပြ ဒီယေဂို အလွန်ဆိုဟာ ၂၀၁၂ ဖေဖော်ဝါရီလက အသက်ကြီးဆုံး ပွဲထွက်လူစာရင်းအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အင်တာမီလန်ရဲ့ ၃၁ နှစ်နဲ့ ၃၃၁ ရက်စံချိန်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်သမိုင်းမှာ ပျမ်းမျှအသက် ၃၂ နှစ်နဲ့ ၁၉ ရက်ဖြင့် အသက်အကြီးဆုံး ကစားသမားစာရင်းကို ရွေးချယ်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required