တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ ထုံခါရွာအနီးက ထုံခါရဲဘက်အကျဉ်းစခန်းကနေ အကျဉ်းသားတွေ၊ ဝန်ထမ်းတွေနဲ့ဝန်ထမ်းမိသားစုတွေဟာ လုံခြုံရေးကို စိုးရိမ်ပြီး ရွှေ့ပြောင်းနေကြပါတယ်။
တိုက်ပွဲအရှိန်မြှင့်မယ်လို့ တော်လှန်ရေးအင်အားစုတွေက ကြေညာပြီးတဲ့နောက်နိုဝင်ဘာ ၂၆ ရက်နေ့ မနက်ကစပြီး မြိတ်မြို့နယ်၊ ကျောက်ဖြူတောင်ရဲဘက်စခန်းကို ပြောင်းရွှေ့သွားတာလို့ သိရပါတယ်။
သတင်း။ တင်ဆက်/တည်းဖြတ် - ကိုရွှေမြိတ်