ပြည်ပြည်ဆိုင်ရာ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူ များနေ့ အတွက် ဒုတိယဝန်ကြီး၏ သတင်းစကား

ပြည်ပြည်ဆိုင်ရာ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူ များနေ့ အတွက် ဒုတိယဝန်ကြီး၏ သတင်းစကား

ဒီကနေ့ကျရောက်တဲ့  နိုဝင်ဘာလ ၂၉ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနေ့ (International Women Human Rights Defenders Day) ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်က စပြီး ဘက်ပေါင်းစုံ၊ ကဏ္ဍ ပေါင်းစုံကနေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ရွံ့ရွံ့ချွံချွံ ခုခံတိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေမြောက်မြားစွာထွက်ပေါ်လာတာကို ကြီးမားတဲ့ သမိုင်းပြယုဂ် တခုအနေနဲ့ မြင်တွေ့နေရတာဖြစ်ပါတယ်။

အဲ့ဒီထဲကမှ အံ့ဩဂုဏ်ယူဖွယ်ရာ ကောင်းတာ တစ်ခုကတော့ အားနည်းသူ တွေ ဖြစ်တယ်လို့ သတ်မှတ်လေ့ရှိတဲ့ ပတ်ဝန်းကျင်မှာ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ အများအပြားပါဝင်လာပြီး တော်လှန်တာဝန်တွေကို ကျရောက်တာဝန်ကနေ ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင် ဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့ မှာနွေဦးတော်လှန်ရေးမှာ စွမ်းစွမ်းတမံပါဝင်တော်လှန်နေကြတဲ့ မြန်မာ့ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ သူရဲကောင်းများ အပါအဝင် ကမ္ဘာအနှံ့ မှာရှိတဲ့ အမျိုးသမီး၊လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ကို လူ့အခွင့် အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက အောက်ပါ Video သတင်းစကားလေးနဲ့ ဂုဏ်ပြုလိုက်ကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly