တရုတ်၏ လျှို့ဝှက်သော ခတ္တမန္ဒူ-ကာရွန် ရထားလမ်းစီမံကိန်း  

28 November 2023
တရုတ်၏ လျှို့ဝှက်သော ခတ္တမန္ဒူ-ကာရွန် ရထားလမ်းစီမံကိန်း  
ပုံအညွှန်း-ခတ္တမန္ဒူ-ကာရွန် ရထားလမ်း စီမံကိန်း မြေပုံ

တရုတ်သည် နီပေါမှတဆင့် အိန္ဒိယအပါအဝင် နိုင်ငံများနှင့် ချိတ်ဆက်မှုတိုးမြှင့်ရေးအတွက် ၎င်း၏ မဟာဗျူဟာ နှင့် အညီ ခတ္တမန္ဒူ-ကာရွန် ရထားလမ်း စီမံကိန်းနှင့် အား လေ့လာနေခြင်းနှင့် ပတ်သက်၍ လျှို့ဝှက်ထားသည်ဟူသော စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် တရုတ်မှ နည်းပညာအဖွဲ့သည် ရာဆူဝါ၊ နူဝါကော့တ်၊ ခတ္တမန္ဒူ နှင့် အခြားဒေသများတွင် လေ့လာမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ပြီး ပွင့်လင်းမြင်သာမှု နှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိလာသည်။

နည်းပညာအဖွဲ့သည် သိသာထင်ရှားသော တွေ့ရှိချက်များ ရှိနေသော်လည်း တရုတ်ဘက်မှ စီမံကိန်း ၏ တိုးတက်မှုများ နှင့် ပတ်သက်၍ မည်သည့် သတင်းအချက်အလက်ကိုမှ ထုတ်ပြန်ခြင်း မရှိပေ။ တရုတ်သည် လေ့လာတွေ့ရှိချက်များ ကို အတွင်းရေးမှူးအဆင့် အစည်းအဝေးတွင် နီပေါသို့ အသိပေးမည်ဟု မျှော်လင့်ထားကြောင်း အခြေခံ အဆောက်အအုံ ဆိုင်ရာ ဝန်ကြီးဌာန သတင်းရင်းမြစ်များက သိရသည်။

အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သော China Rail-Way Survey and Design Group Company Limited ကို ကိုယ်စားပြုသည့် နည်းပညာအဖွဲ့သည် လာမည့် သုံးနှစ်ခွဲအတွင်း ပြီးပြည့်စုံသော ဖြစ်နိုင်ခြေရှိသည့်  အစီရင်ခံချက်ကို တင်ပြရန် မျှော်လင့်သည်။ ပထမနှစ်တွင် စစ်တမ်းလုပ်ငန်းပြီးစီးရန် နှင့် နောက်နှစ်များတွင် မြေပုံဆွဲခြင်းနှင့် အပြီးသတ်ရန် ကနဦးခန့်မှန်းချက်များ က အကြံပြုထားသည်။

ပိုမိုတိကျသော လေ့လာမှုများကို လုပ်ဆောင်ရန် အနာဂတ် သုတေသန လုပ်ငန်းများအတွက် ကွင်းဆင်းစခန်းများကို တည်ထောင်နိုင်မည် ဖြစ်ကြောင်းလည်း အကြံပြုထားသည်။ တရုတ်သည် လေ့လာမှုကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ရန် ထောက်ပံ့ပေးနေကြောင်း အစိုးရတာဝန်ရှိသူများက အလေးပေး ပြောကြားသည်။

ကာရွန်-ခေတ္တမန္ဒူ၊ ခေတ္တမန္ဒူ - ပိုကာရာ နှင့် ပိုကာရာ-လုမ္ဗနီ ရထားလမ်းများဆိုင်ရာ အသေးစိတ်စီမံကိန်း အစီရင်ခံစာ (DPR) အတွက် နားလည်မှုစာချွန်လွှာကို ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် နီပေါသို့ သွားရောက်လည်ပတ်စဉ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ စီမံကိန်းအကောင်အထည် ဖော်ရန် လုပ်ငန်းခွဲဝေမှုကို နှစ်နိုင်ငံလုံးမှ ခေတ္တမန္ဒူတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာ၌ ရေးဆွဲခဲ့ကြသည်။

တရုတ်အစိုးရ၏ တင်းကျပ်သော COVID-19 ထိန်းချုပ်မှု အစီအမံများသည် နည်းပညာအဖွဲ့၏ လေ့လာမှုကို  နှောင့်နှေးစေခဲ့သည်။ ကူးစက်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးပြီးနောက် စီမံကိန်းကို လုပ်ငန်း စီမံချက် အတိုင်း ပြန်လည်စတင်ခဲ့သည်။ စီမံကိန်း ၏ ခန့်မှန်းခြေ ၉၈ ရာခိုင်နှုန်းသည် စိန်ခေါ်မှုများသော မြေဧရိယာ အတွင်းရှိ တံတားများ နှင့် ဥမင်လှိုင်ခေါင်းများ အပါအဝင် တန်ဖိုးကြီးစီမံကိန်းများ ပါဝင်ပါသည်။

လေ့လာမှုပြီးဆုံးပါက စီမံကိန်းတည်ဆောက်မှုပုံစံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာ ရှုပ်ထွေးမှုများကို ဖြေရှင်းရန် နီပေါနှင့် တရုတ် တို့ အကြား သဘောတူညီချက်တစ်ခု လိုအပ်မည်ဖြစ်သည်။ အဆိုပါ ရထားလမ်းစီမံကိန်းသည် နီပေါ၏ စီးပွားရေးအကျိုးအမြတ် ခွဲခြမ်းစိတ်ဖြာမှုအပေါ် မူတည်၍ တရုတ်ဆိပ်ကမ်းများနှင့် ချိတ်ဆက်မှုကို တိုးမြှင့်ရန် မျှော်လင့်ထားသည်။

တရုတ်နှင့် နီပေါ တို့ကြား ကုန်းတွင်းရထားလမ်းဆိုင်ရာ ဆွေးနွေးမှုများကို စတင်ခဲ့ပြီး နီပေါမှ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အခြေခံ အဆောက်အအုံနှင့် လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးဌာန(Physical Infrastructure and Transportation) မှ အတွင်းရေးမှူး ကက်ရှ် ကူးမား ရှားမား နှင့် ရထားလမ်း ဌာနမှ ညွှန်ကြားရေးမှုးချုပ် ရိုဟတ် ကူးမား ဘီစူရယ်လ် တို့သည် လက်ရှိ တရုတ်၌ စီမံကိန်း နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နေကြသည်။ တရုတ်-နီပေါ အတွင်းရေးမှုးအဆင့် ရထားလမ်းဆိုင်ရာ အစည်းအဝေးတွင် စီမံကိန်းဆိုင်ရာ တိုးတက်မှုများနှင့် မြေယာ၊ သစ်တောဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများနှင့် အခြားသော အရေးကြီးအချက်များအပါအဝင် အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည်။

#Mizzima
#သတင်းဆောင်းပါး
#ဘာသာပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly