ကရင်နီ-ထိုင်းနယ်စပ် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်သည်နဲ့ ကလေးငယ်တွေ အကူအညီလိုအပ်နေ(ရုပ်၊သံ)

By KMN (မဇ္ဈိမ)
28 November 2023
ကရင်နီ-ထိုင်းနယ်စပ် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်သည်နဲ့ ကလေးငယ်တွေ အကူအညီလိုအပ်နေ(ရုပ်၊သံ)

ကရင်နီပြည်နယ်နဲ့ထိုင်းနိုင်ငံနယ်စပ် မယ်စဲ့မြို့နယ်မှာ တိုက်ပွဲတွေကြောင့်တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်လူဦးရေ ၁၀,၀၀၀ ကျော်ရှိနေပါတယ်။ 

စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်ထဲမှာ ၇,၀၀၀ ဝန်းကျင်က အမျိုးသမီးနဲ့ကလေးငယ်တွေဖြစ်ပြီး သူတို့ထဲကကိုယ်ဝန်ဆောင်မိခင်တွေ ကလေးသူငယ်တွေ  အဝတ်အထည် နေရာထိုင်ခင်းစတဲ့အကူအညီတွေလိုအပ်နေတယ်လို့ ကူညီမှုပေးနေတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO သိရပါတယ်။ 

လက်ရှိစစ်ဘေးရှောင်တွေနေထိုင်နေရတဲ့ နေရာတွေဟာ ကရင်နီပြည်တွင်းကနေ သွားလာရခက်ခဲပြီး နယ်စပ်ဒေသမှာ ထိုင်းအာဏာပိုင်တွေ တားမြစ်ချက်တွေရှိနေတဲ့အတွက် အကူအညီရဖို့ခက်ခဲမှုရှိနေတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး တာဝန်ရှိသူကပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

#Mizzima
#Women & Children’s Hours
#ကိုယ်ဝန်ဆောင်
#စစ်ဘေးရှောင်
#အမျိုးသမီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly