တနင်္သာရီမှာ မဟာမိတ် သုံးဖွဲ့ ပေါင်းပြီး တောင်ပိုင်း ညီနောင် တပ်ပေါင်းစု စစ်ကြောင်း ဖွဲ့စည်း(ရုပ်သံ)

By ကိုရွှေမြိတ် (မဇ္ဈိမ)
28 November 2023
တနင်္သာရီမှာ မဟာမိတ် သုံးဖွဲ့ ပေါင်းပြီး တောင်ပိုင်း ညီနောင် တပ်ပေါင်းစု စစ်ကြောင်း ဖွဲ့စည်း(ရုပ်သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အခြေစိုက်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးခု ပေါင်းပြီး တောင်ပိုင်းညီနောင် တပ်ပေါင်းစု Southern brothers army [SBA] ကို ဖွဲ့စည်း လိုက်တယ်လို့ သိရပါတယ်။

မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း၊ KTLA ကျားကြီး ကွန်မန်ဒိုတပ်ဖွဲ့နဲ့ PLA ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့တို့က စုပေါင်း ဖွဲ့စည်းလိုက်တာပါ။  Southern brothers army [SBA]  စစ်ကြောင်းကို အခုလ နိုဝင်ဘာ ၂၅ ရက်နေ့က စတင် ပူးပေါင်း ဖွဲ့စည်းခဲ့တယ်လို့ စစ်ကြောင်းရဲ့ ပြန်ကြားရေး အရာရှိ ကိုစိုင်းညီက ပြောပါတယ်။
သတင်း။ တင်ဆက်/တည်းဖြတ်>>>> ကိုရွှေမြိတ်

#Mizzima 
#ပြည်တွင်းသတင်း
#တနင်္သာရီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly