ကလေးမြို့နယ်တွင် မျှဝေခြင်း အစီအစဉ်မှ လှူခံရရှိထားသည့်ပစ္စည်းများ ကျောင်းဖွင့်ရာသီတွင် ပြန်လည်မျှဝေမည်

ကလေးမြို့နယ်တွင် မျှဝေခြင်း အစီအစဉ်မှ လှူခံရရှိထားသည့်ပစ္စည်းများ ကျောင်းဖွင့်ရာသီတွင် ပြန်လည်မျှဝေမည်
ဓါတ်ပုံ- မသိမ့်ဝေကျော်

ဟင်္သာတ ဧပြီ ၂၇ ။            ။ ကလေးမြို့တွင် မျှဝေခြင်း အစီအစဉ်အဖြစ် ရှစ်လေးလုံး အင်အားစုနှင့် ၈၈ငြိမ်းပွင့်အဖွဲ့အစည်း NLD ပါတီဝင်များမှ ကျောင်းပစ္စည်း ကိရိယာများ အလှူခံထားရှိပြီး ယခုနှစ် ကျောင်းဖွင့်ရာသီတွင် မျှဝေနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

" မတ်လကနေစပြီး မျှဝေခြင်းအလှူခံစထွက်ပါတယ်၊ မြို့နယ် ECတွေနဲ့ ပါတီဝင်တွေက ဦးဆောင်ပါဝင်ပါတယ်။ ပါတီဗဟို၊တိုင်းကနေ မျှဝေခြင်းအစီအစဉ်က ရတဲ့ အလှူခံပစ္စည်းတွေကို မြို့နယ်အသီးသီးကို ပြန်လည်မျှဝေပြီးမှ ပါတီကဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ ညွှန်ကြားချက်အရ ဆက်လုပ်ဆောင်ကြရမှာပါ။ ဒီမှာက ရှစ်လေးလုံး အင်အားစုနဲ့ ၈၈ ငြိမ်းပွင့်တို့က ဘယ်ကိစ္စလုပ်လုပ် NLDပါတီဝင်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင် လေ့ရှိပါတယ် " ဟု ကလေးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ မသိမ့်ဝေကျော်က မဇ္ဈိမကို ဖြေကြားသည်။

၄လပိုင်း ၂၁ရက် နေ့အထိ ဗလာစာအုပ်စုစုပေါင်း ၈၅၃၂အုပ် ဘောပင် ၃၈၉၃ချောင်း ခဲတံ ၄၂၉၂ချောင်း ပေတံ ၃၈၄ ချောင်းနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို လက်ခံရရှိပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly