မြန်မာနိုင်ငံ၏ နေရာဒေသတချို့ကို ခရီးမသွားရန် ထိုင်းနိုင်ငံသားများကို သတိပေး

မြန်မာနိုင်ငံ၏ နေရာဒေသတချို့ကို ခရီးမသွားရန် ထိုင်းနိုင်ငံသားများကို သတိပေး

မြန်မာနိုင်ငံတွင် နေထိုင်လျက် ရှိသည့် သို့မဟုတ် ခရီးသွားလာနေသည့် ထိုင်းနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မာရှယ်လော ထုတ်ထားသည့် နယ်မြေဒေသများကို ရှောင်ကြဉ်ကြရန် ရန်ကုန်ရှိ ထိုင်းသံရုံးက ခရီးသွားသတိပေးချက် ထုတ်ပြန်သည်။

ထိုင်းနိုင်ငံသားများအနေဖြင့် အဆိုပါ ဧရိယာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်သင့်သည်ဟု ထိုင်းသံရုံးက ပြောသည်။

ယခုနှစ် မေလမှစ၍ ရှမ်းပြည်နယ် လာရှိုးနှင့် တာချီလိတ်သို့ လေယာဉ်လက်မှတ်များ ဝယ်ယူခြင်းမှ နိုင်ငံခြားသားများကို မြန်မာက တားမြစ်ထားကြောင်း ထိုင်းသံရုံးက ပြောသည်။ ချိုးဖောက်သူများအနေဖြင့် လူဝင်မှုဥပဒေအောက်တွင် ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်သည်။

ထို့ပြင် ရန်ကုန်၊ မန္တလေးနှင့် ပုဂံ အပါအဝင် မြန်မာရှိ မြို့ကြီးများသို့ ခရီးမသွားလာမီ ထိုင်းခရီးသွားများအနေဖြင့် ယုံကြည်ရသည့် ရင်းမြစ်များ သို့မဟုတ် ခရီးသွားကုမ္ပဏီများနှင့်အတူ အခြေအနေကို စစ်ဆေးသင့်ကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly