နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၇ နိုဝင်ဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၇ နိုဝင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တောင်သမန်စစ်ဆင်ရေး တစ်လတာအတွင်း တိုက်ပွဲပေါင်း ၃၇ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်က ၉၅ ဦးခန့် သေဆုံးကာမန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး အပါ အဝင် နယ်မြေအချို့ကို ထိန်းချုပ်ထားနိုင် စစ်ဆင်ရေးတစ်လပြည့် အစီအရင်ခံစာတွင် ဖော်ပြထား သည်။ 

  • ONE DAY CHALLENGE လှုပ်ရှားမှုကနေ ရရှိလာသည့် ရန်ပုံငွေများထဲက အမျိုးသားညီညွတ်ရေး အစိုးရထံ လစဉ်လှူဒါန်းနေသညိ့ အမေရိကန်ဒေါ်လာ တစ်သိန်းနှင့် ညီမျှသော ဝမ်ငွေကို နိုဝင်ဘာ ၂၃ ရက်မှာ ပေးပို့လှူဒါန်းခဲ့ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က သတင်းထုတ်ပြန် လိုက်သည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် တို့အကြား တွေ့ဆုံဆွေးနွေးမှုကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁၁ နာရီမှာ ဗီဒီယိုကွန်ဖရင့်ကတဆင့် ပြုလုပ်ခဲ့ကြသည်။ 

  • နွေဦးဘဏ်၏ အစုရှယ်ယာရောင်းချမှုက နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီမှာ သတ်မှတ်ရက် မပြည့်ခင်မှာပဲ ဒေါ်လာ ၁၀ သန်းကို ပြည့်မြောက်ခဲ့ကြောင်း Spring Development Bank က အသိပေးထုတ်ပြန်လိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာရှိသည့် မြို့နယ်ပြည်သူ့အု ပ် ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး ကို နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ အနောက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်း လေးခုကို ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းနှစ်ခုကို သိမ်းပိုက် ဖျက်ဆီးနိုင်ခဲ့သည်ဟု BNRA တပ်ဖွဲ့ထံက သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ညောင်ဖြူပင်ကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီ တပ်သား ခုနစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) က နိုဝင်ဘာလ ၂၄ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဆက်သွယ်ရေးစခန်းတိုက်ပွဲ၌ ကျဆုံးခဲ့ရသည့် ပြည်သူ့ရဲဘော်နှစ်ဦး၏ စျာပနာအခမ်းအနားအား ဒေသခံပြည်သူအများအပြား လိုက်ပါပို့ဆောင်ပေးခဲ့သည်။ 

  • ရွှေဘိုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ စု‎ပေါင်း၍ 'တိုက်ပွဲမမျှော်နဲ့ တိုက်ပွဲခေါ်ကြ' စာသားကိုင်စွဲ၍ စစ်အာဏာရှင်ကို ဆန့်ကျင်ချီတက်ဆန္ဒပြခဲ့ကြသည်။ 

  • လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)မှ ဦးဆောင်၍ "ရန်ကုန်မှာပြန်ဆုံမယ်" စာတန်းအားချိတ်ဆွဲ ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (နိုဝင်ဘာ ၂၇) နံနက်က ပြုလုပ်ခဲ့ကြသည်။ 

  • ကြို့ပင်ကောက်မြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးထားသည့် ပုစွန်ဆိတ်ဆင်ဝိုင်းသို့သွားရောက်၍ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းအား မိုင်းဆွဲ တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင် အမှတ် (၆)တပ်ရင်း တပ်ခွဲ (၁)နောင်ရိုး အထူးပြောက်ကျားတပ်(NYSGF)၏ တာဝန်ခံက ပြောသည်။  

  • မကွေးတိုင်း ချောက်မြို့တွင် တော်လှန်ရေးလူငယ်အဖွဲ့မှ 'စခ၊ရခ အလင်း၀င်မလား၊ အဖမ်းခံ မလား'၊ 'အကြမ်းဖက်စစ်တပ်အလိုကျ အုပ်ချုပ်မှုမရစေရ'၊ 'အကြမ်းဖက်စစ်တပ် အလိုမရှိ'၊ 'အရေးတော်ပုံအောင်တော့မည်' စသည့် စာသားများ ချိတ်ဆွဲခြင်း ၊ ရေးသားခြင်း စာကပ်ခြင်းများ လုပ်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ ကြသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်၊ ကျောက်မဲနှင့်လားရှိုးမြို့နယ်က အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတွေကို ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းစသည့် ယနေ့မနက် TNLAက တိုက်ခိုက်နေ ကြောင်း သိရသည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်၏ စကခ (၇) (စခန်းသစ်) တပ်စခန်းကို တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (TNLA)က အပြင်း အထန် စီးနင်းတိုက်ခိုက်နေပြီး တပ်စခန်းမကျဆုံးအောင် စစ်တပ်က အပြင်းအထန် ခုခံနေရသည်။ 

  • ကိုးကန့်(MNDAA)၊တအာင်း(TNLA)နှင့် ရက္ခိုင်(AA) အပါအဝင် မဟာမိတ်တပ်များ ပူးပေါင်း ဆောင် ရွက်နေသည့် ၁၀၂၇စစ်ဆင်ရေးမှာ ယနေ့ (နိုဝင်ဘာ ၂၇ရက်)တွင် တစ်လပြည့်ပြီဖြစ်ရာ ရှေ့ဆက်ပြီး တနိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေးဆင်နွှဲသွားမည်ဖြစ်ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။ 

  • ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် မဟာမိတ်တပ်များက ယမန့်​နေ့(နိုဝင်ဘာ ၂၆ ရက်)တွင် စစ်​ကောင်စီတပ်စခန်းနှစ်ခု ထပ်မံတိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများရရှိ​ကြောင်း ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင် ပြီး မိသားစုလိုက် အလင်းဝင်ရောက်ခဲ့ကြောင်း CDF Matupi တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

စစ်ကောင်စီ  

  • ဘီးလင်းမြို့နယ်၊ ဝင်းကနယ်မြေရဲစခန်းနှင့် တောင်စွန်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသားများအပါအဝင် ဝန်ထမ်းများသည်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်လာမည်ကိုစိုးရိမ်သဖြင့် စခန်းအားစွန့်ခွာ၍ တိမ်းရှောင်သွားပြီဖြစ်ကြောင်း မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကောလာဟလ သတင်းများ လုပ်ကြံဖြန့်ဝေနေကြောင်း စစ်ကောင်စီသတင်းများတွင် ဖော်ပြထားသည်။ 

  • စက်မှုဝန်ကြီးဌာနဝန်ကြီး ဒေါက်တာချာလီသန်းသည် သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့်အတူ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ United Paper Co.,Ltd. ၏ ထုပ်ပိုးစက္ကူစက်ရုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နီလာပျော့ဖတ် နှင့် စက္ကူစက်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြောင်းသိရသည်။ 

  • NUG ၊ PDF  များနှင့် အချို့သော EAO အဖွဲ့များမှ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍဖွံ့ဖြိုးတိုး တက်မှုကို အဓိကထား တိုက်ခိုက်လျက်ရှိကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ 

  • မြန်မာ - တရုတ် နှစ်နိုင်ငံ မီဒီယာအချင်းချင်းအပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာ အကူအညီပေး ရေး၊ ပြည်သူများအကြား သတင်း အမှားများ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးနှင့် သတင်း အမှန်များ လျင်လျင်မြန်မြန်သိရှိနိုင်ရေး၊ ရုပ်မြင်သံကြား၊ ပုံနှိပ်မီဒီယာများအပြင် New Media ကဏ္ဍတွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို  တရုတ်ပြည်သူ့သမ္မတနိုင်ငံ All- China Youth Federation နှင့်တွေ့ဆုံစဉ် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောဆိုသည်။ 

နိုဝင်ဘာ ၂၇ သုံးသပ်ချက် 

  • စစ်ကိုင်း၊မကွေး၊ကရင်နီနှင့်ရှမ်းမြောက်တခွင်တွင်ယနေ့ ရရှိထားသည့် အချက်အလက်များအရ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့များ အထိနာကာ စခန်းများ ဆက်တိုက်အသိမ်း ခံနေရသည်ကို တွေ့ရသည်။ 

  • စစ်တပ် ဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့တပ်များ အဆောက်အဦများ တိုက်ခိုက်ခံနေရသည်ကို ပြည်သူများ၏ အကျိုးစီးပွားတိုက်ခိုက်ခံနေရဖွယ် စစ်တပ်လက်အောက်ခံ သတင်းစာများ မီဒီယာများတွင် နေ့စဉ် ပြောဆိုရေးသားဖော်ပြနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly