ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် (နိုဝင်ဘာလ ၂၆ ရက်နေ့)

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် (နိုဝင်ဘာလ ၂၆ ရက်နေ့)

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ကိုးကန့်တပ်မတော် MNDAA တို့နဲ့လည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။ စစ်ကောင်စီတပ် ဟာ KIO ဌာနချုပ်ကို ပိတ်ဆို့မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့နမ်ဆန်ယန်ဘက်ကို အင်အားတိုးချဲ့လှုပ်ရှားလာလို့ မဟာ မိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ လုပ်ခဲ့ရပါတယ်။ အဲ့ဒီစစ်ဆင်ရေးတွေရဲ့ တဖက်မှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ကောင်စီ တွေ့ဆုံဆွေးနွေးနိုင်ရေး ဗန်းပြဖိတ်ခေါ်မှုတွေ လုပ်နေသလို NCA နှစ် ပတ်လည်အတွက်လည်း တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး NCA မှာ လက်မှတ်ရေးထိုးခဲ့တဲ့ EAO အဖွဲ့တွေထဲက တချို့က ပြည်သူတွေအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်တွေ ကို ရပ်တန့်တာ မရှိဘူးဆိုရင် ဘယ်တွေ့ဆုံဆွေးနွေးမှုကိုမှ လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အကြမ်း ဖက်မှုတွေကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီက ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့လည်း တိုင်း ရင်းသားခေါင်းဆောင်တွေက ဆိုပါတယ်။ ဒီအကြောင်း ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်မှာ နားဆင်ရဖို့ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly