ရွှေပန်းကုံး ရဲစခန်းကို PDF တိုက်ခိုက်ပြီး စခန်းမှူး အပါအဝင် ၁၆ ဦးကို ဖမ်းဆီး (ရုပ်သံ)

By MTO (မဇ္ဈိမ)
25 November 2023
ရွှေပန်းကုံး ရဲစခန်းကို PDF တိုက်ခိုက်ပြီး စခန်းမှူး အပါအဝင် ၁၆ ဦးကို ဖမ်းဆီး (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာရှိ ရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး စခန်းမှူး အပါအဝင် ၁၆ ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ တယ်လို့ NUG အမှတ် (၁) စစ်ဒေသက နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရွှေပန်းကုံး ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စခန်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ခဲယမ်းတွေကိုလည် သိမ်းဆည်းရမိခဲ့ပါတယ်။

တင်ဆက်၊တည်းဖြတ် -- MTO

#ရွှေပန်းကုံးရဲစခန်း
#သိမ်းပိုက်ခံရ
#အညာ
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly